play

 

အသက် ၈၆ နှစ်အရွယ်ရောက်ကာမှ ချစ်ရတဲ့သူနဲ့ မင်္ဂလာပွဲ ကျင်းပနိုင်ခဲ့တဲ့ သတို့သမီးရဲ့အကြောင်းဟာ လူမှုကွန်ရက်မှာ လူပြောများနေပါတယ်။ မိုင်လီတေလာဆိုတဲ့ အဆိုပါအဘွားဟာ သူနဲ့ကာလကြာရှည် သိကျွမ်းခင်မင်ရသူ သူငယ်ချင်းဟာရိုးလ်မော်ရစ်ဆင်နဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။

play

 

အဘွားမိုင်လီဟာ အရင်က မော်ဒယ်တစ်ဦးလည်းဖြစ်ပါတယ်။ အခုတော့ မော်ရစ်ဆင်ရဲ့အိမ်သူဖြစ်သွားပြီမို့ တေလာမော်ရစ်ဆင်လို့ ခေါ်နေရပါပြီ။ အသက် ၈၆ နှစ်မှ မင်္ဂလာပွဲ လုပ်ခဲ့တယ်ဆိုပေမဲ့ အဘွားမိုင်လီဟာ အရင်က မော်ဒယ်လုပ်ခဲ့သူပီပီ ဘယ်လိုပြင်ဆင်ရမလဲ ကောင်းကောင်းသိသူပါ။ ခရမ်းရောင် သတို့သမီးဝတ်စုံကို ဝတ်ဆင်ဖို့ သူမ ရွေးချယ်ခဲ့ပါတယ်။

play

 

သူမဟာ မင်္ဂလာခန်းမထဲ ဝင်လာချိန်မှာ အရင်ထက်အများကြီးပိုလှနေသူ ဖြစ်ခဲ့တာကြောင့် မင်္ဂလာပွဲတက်လာသူတွေတောင်မှ အံ့အားသင့်ခဲ့ကြရပါတယ်။ အဘွားမိုင်လီရဲ့ ခင်ပွန်းဟောင်း သေဆုံးသွားပြီးနောက်မှာ သူမတို့ သူငယ်ချင်းနှစ်ဦး မကြာခဏ တွေ့ဆုံဖြစ်ခဲ့ကြပြီး သံယောဇဉ် ပိုခိုင်မာလာကြတာလို့ သိရပါတယ်။

အသက်အရွယ်နဲ့ ဆန့်ကျင်ဘက်ဖြစ်အောင် လှနေတဲ့ သတို့သမီးအဘွားအကြောင်း လူမှုကွန်ရက်မှာ လူပြောများနေတာပါ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video