Lifestyle: ဇနီးသည်ကိုကျောပိုးပြီး လမ်းကူးတဲ့အဘိုးအိုရဲ့ လေးစားဖွယ်အချစ်

ရိုးမြေကျအချစ်ဆိုတာ ဒါမျိုးကို ပြောတာဖြစ်ပါလိမ့်မယ်။

play

 

တရုတ်နိုင်ငံက လူမှုကွန်ရက်တွေမှာ ဘိုးဘွားစုံတွဲ လမ်းဖြတ်ကူးတဲ့ပုံတွေ ရေပန်းစားနေပြန်ပါတယ်။ အဘိုးအိုဟာ ဇနီးသည်ကို ကျောပိုးပြီး လမ်းကူးခဲ့တာဖြစ်ပါတယ်။

play

 

ပေကျင်းမြို့က လမ်းပေါ်မှာ လူတစ်ဦးကို ကျောပိုးပြီးလျှောက်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ အဘိုးကတော့ သူ့ရဲ့ဇနီးသည် အဘွားကို ကျောပိုးကာ ခေါ်ဆောင်ခဲ့ပါတယ်။

play

 

သူတို့စုံတွဲကိုကြည့်ရတာ ချစ်သက်တမ်း ကြာညောင်းနေပုံရပါတယ်။ လမ်းမလျှောက်နိုင်တဲ့ ဇနီးသည်အပေါ် မပျက်ပြယ်တဲ့ ချစ်မေတ္တာနဲ့ ဂရုစိုက်ပေးတဲ့ အဘိုးကြောင့် မြင်ရသူတွေရဲ့နှလုံးသားတွေမှာ အရည်ပျော်မတတ်ဖြစ်ခဲ့ရတော့တာပါပဲ။

Source : Shanghaiist

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ