AD
AD
AD
play

 

သြစတြေးလျနိုင်ငံက အော်ရန်ဂူတန်မျောက်ဝံတစ်ကောင်ဟာ ကမ္ဘာ့အသက်ကြီးဆုံး အော်ဂန်ဂူတန်မျောက်ဝံအဖြစ် သတ်မှတ်ခံလိုက်ရပါပြီ။

ပူအန် (Puan)ဆိုတဲ့ မျောက်ဝံမကြီးရဲ့အသက်က နှစ် ၆၀ တောင် ရှိနေပါပြီ။ ခုချိန်ထိတော့ ကျန်းကျန်းမာမာရှိတုန်းပါပဲ။ ဒါပေမဲ့ အသက်ကြီးလာတာနဲ့အမျှ ပိုပြီးစိတ်တိုတတ်လာတယ်လို့ ပါ့သ် တိရစ္တာန်ရုံရဲ့ဝန်ထမ်းတွေက ပြောပါတယ်။

play

 

ဆူမားတြားအော်ရန်ဂူတန်မျိုးနွယ် ပူအန်ကို ၁၉၅၆ ခုနှစ်က တောတွင်းတစ်နေရာမှာ မွေးဖွားခဲ့တယ်လို့ ယူဆရပါတယ်။ ၁၉၆၈ ခုနှစ်မှာတောာ့ မလေးရှားဘုရင် ဆူလ်တန်ဂျိုဟိုးက သြစတြေးလျကို လက်ဆောင်အဖြစ်ပေးအပ်ခဲ့တာပါ။ သူမကို ပါ့သ်တိရစ္ဆာန်ရုံမှာ မွေးမြူခဲ့တာ ယနေ့အထိပါပဲ။ ပူအန်တို့လို ဆူမားတြားအော်ရန်ဂူတန်တွေရဲ့ သက်တမ်းဟာ အမြင့်ဆုံးအဖြစ် နှစ် ၅၀ သာ ရှိပေမဲ့ သူမကတော့ အသက် ၆၀ ထိတိုင်အောင် ရှင်သန်နေဆဲဖြစ်ကာ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းမှာ အသက်အရှည်ဆုံး အော်ရန်ဂူတန်အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

Source : ABC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD