Lifestyle: ဟောလိုးဝင်းဝတ်စုံကိုယ်စီနဲ့ အထူးကြပ်မတ် ဆေးကုသဆောင်က ကလေးငယ်များ

ဆေးရုံပေါ်ရောက်နေပေမဲ့ ဟောလိုးဝင်းဝတ်စုံတော့ ဝတ်ခွင့်ရကြပါတယ်။

play

 

အမေရိကန်ပြည်ထောင်စု ကန်းဆက်စ်မြို့ စိန့်လုခ်ဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှုခံယူနေကြရတဲ့ မွေးကင်းစကလေးငယ်တွေကလည်း ဟောလိုးဝင်းအတွက် ဝတ်စုံလေးတွေ ကိုယ်စီဝတ်ခွင့်ရနေကြပါတယ်။ ဒီလိုမျိုးဝတ်နိုင်ဖို့ကို ဆေးရုံရဲ့ သူနာပြုတွေနဲ့ စေတနာ့လုပ်အားရှင်တွေက ကူညီပေးခဲ့ကြတာပါ။

play

 

ကလေးတွေကို ခုလိုဝတ်ဆင်ပေးခြင်းဟာ မိဘတွေအနေနဲ့ သူတို့ရင်သွေးတွေကို ပုံမှန်လူကောင်းလေးတွေလိုပဲ ခံစားမိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ပေးခဲ့တာဖြစ်တယ်လို့ ဆေးရုံရဲ့ ညွှန်ကြားရေးမှူး မစ်ချဲလ် မာနူရယ်လ်က ဆိုပါတယ်။

play

 

နူးညံ့တဲ့ဂွမ်းစလေးနဲ့ ပြုလုပ်ထားတဲ့ ဝတ်စုံတွေကို ကလေးတွေရဲ့အင်္ကျီပေါ်မှာ ထပ်ပြီးဝတ်ပေးထားတာဖြစ်ပါတယ်။ စူပါဟီးရိုးတွေဖြစ်တဲ့ စူပါမန်း၊ ကပ္ပတိန်အမေရိက၊ Wonder Womanနဲ့ လင်းနို့လူသားတို့လည်း ပါဝင်သလို ဖရုံသီးဒီဇိုင်းတွေ၊ လိပ်ပြာပုံလေးတွေကိုလည်း ပြုလုပ်ပေးခဲ့ကြပါတယ်။

Source : Yahoo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ