Lifestyle: အရမ်းဝတဲ့ဇနီးမောင်နှံ နှစ်ယောက်အတူ ဝိတ်ချပြီးနောက် မင်္ဂလာထပ်ဆောင်ဖို့ စီစဉ်

လွန်ခဲ့တဲ့ ၉ နှစ်က မင်္ဂလာဆောင်ချိန်ကပုံစံနဲ့ အခုပုံစံ တခြားစီ ဖြစ်နေပါပြီ။

play

 

ဝီလျံနဲ့ ဂျန်နစ်ရော်ဘင်ဆန်တို့ဟာ လွန်ခဲ့တဲ့ ၉ နှစ် သူတို့မင်္ဂလာဆောင်ချိန်က နှစ်ဦးပေါင်း ပေါင် ၅၀၀ နီးနီး ရှိခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ တစ်နှစ်ကို နို့ချောကလက် ၃၀၈ ပေါင်နဲ့ အာလူးကြော် ၁၅၄ ပေါင် စားခဲ့ကြပါတယ်။ ဒါ့အပြင် အပတ်စဉ် အသင့်စား အစားအစာတွေကို အနည်းဆုံး လေးကြိမ်စားခဲ့ကြပါတယ်။

play

 

ဒါပေမဲ့ အခုအခါမှာတော့ သူတို့နှစ်ဦးဟာ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားပါပြီ။

ယခင်က ပေါင် ၂၆၀ ရှိခဲ့တဲ့ ဂျန်နစ်က အခု ပေါင် ၁၅၁ ပေါင်သာ ရှိတော့ပြီး ယခင်က ၂၃၈ ပေါင်ရှိခဲ့တဲ့ ဝီလျံကတော့ အခုဆိုရင် ၁၆၄ ပေါင်သာ ရှိပါတော့တယ်။

သူတို့ဇနီးမောင်နှံဟာ အဝလွန်နေပြီလို့ သိလိုက်ရတဲ့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလက ဝိတ်ချသင်တန်းတစ်ခုကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

play

 

ကလေးသုံးယောက်မိခင်ဖြစ်တဲ့ ဂျန်နစ်ဟာ ပိန်သွယ်သွားချိန်မှာ သူမရဲ့မင်္ဂလာဓာတ်ပုံကို ကြည့်ပြီး ရှက်နေပါတယ်။

အခုတော့ ဇနီးမောင်နှံနှစ်ယောက်ဟာ သူတို့ပိုင်ဆိုင်ထားတဲ့ ပုံစံသစ်ကို နှစ်သက်လို့ အခုလို ပိန်သွယ်လှပတဲ့ပုံစံလေးနဲ့ မင်္ဂလာထပ်ဆောင်မယ်လို့ ဆိုပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ