Lifestyle: မိတ်ကပ်ပညာနဲ့ ကြောက်စရာအကောင်းဆုံးပုံစံတွေ ဖန်တီးပြတဲ့ ဆယ်ကျော်သက်မလေး

မိတ်ကပ်အစွမ်းက အံ့မခန်းပါပဲ။

play

 

အသက် ၁၆ နှစ်အရွယ် အလီရှာပိုလာ့ဒ်ဟာ The Conjuring 2 ထဲက နတ်ဆိုးသီလရှင် ဗဲလာ့ခ်ပုံစံကို မိနစ် ၂၀ အတွင်း ဖန်တီးနိုင်သူဖြစ်ပါတယ်။

play

 

အင်္ဂလန်နိုင်ငံ၊ အိစ်ယော့ခ်မှာနေထိုင်တ့ အလီရှာဟာ မိတ်ကပ်ပညာကို သူမဘာသာ သင်ယူခဲ့တာဖြစ်ပြီး မနှစ်က ဟော်လိုဝင်မှာ ကြောက်စရာကောင်းတဲ့ ဂျိုကာပုံ ဖန်တီးရာကနေ နာမည်ကြီးလာသူဖြစ်ပါတယ်။

play

 

" ၅ ပေါင်တန် ကြက်ပေါင်စေးနဲ့ ၁ ပေါင်တန် သွေးတုတွေ ဝယ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ကြည့်ပြီး သင်ယူခဲ့တယ်။ ဈေးကြီးတာတွေမလိုပါဘူး။ ကျွန်မက ချည်လုံးတွေ၊ ကော်ဖီရည်တွေနဲ့ မျက်နှာပန်းချီဆေးတွေကို သုံးပြီး ဆွဲတာပါ" လို့ သူမက ဆိုပါတယ်။

play

 

"တစ်ခါတလေမှာ ရှူးဖိနပ်အဟောင်းတွေကို ဖြတ်တောက်ပြီး သုံးသေးတယ်" လို့ သူမက ပြောပြပါတယ်။

play

 

ပါရမီထူးတဲ့ ဆယ်ကျော်သက်မလေးဟာ ကြောက်စရာကောင်းတဲ့ မိတ်ကပ်တွေကို သဘောကျပေမဲ့ သရဲကား၊ လူသတ်ကားတွေကို မကြိုက်တာတော့ ထူးဆန်းလှပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ