Lifestyle: အမှောင် ကြောက်သူတွေဟာ စိတ်ကူးကောင်းသူတွေ ဖြစ်

သင့်ရဲ့စိတ်ဟာ အမှောင်နဲ့တွဲဖက်ပြီး ဖြစ်နိုင်ခြေပေါင်းမြောက်များစွာကို စိတ်ကူးနေတာ ဖြစ်ပါတယ်။

 

အမှောင်ကြောက်တတ်သူတွေဟာ အမြဲစိုးရိမ်ကြောက်လန့်တတ်သူမျိုးတွေ မဟုတ်ဘဲ စိတ်ကူးနိုင်စွမ်းအား ကောင်းသူတွေဖြစ်ပါတယ်။ စိတ်ကူးညဏ်စွမ်းရှိတဲ့ အမှောင်ကြောက်သူတွေဟာ စိတ်ကူးအားကောင်းကောင်းနဲ့ အမှောင်ဖြစ်လာနိုင်တဲ့အရာတွေကို တွေးဆနိုင်သူတွေဖြစ်ပါတယ်။

ကလေးတွေလို အမှောင်ထဲမှာ တစ်စုံတစ်ယောက်လာပြီး သူတို့ကိုခေါ်သွားမှာ၊ သူတို့ တစ်ခုခုလုပ်ခံရမှာကို စိတ်ကူးတတ်ကြတာမျိုး ဖြစ်ပါတယ်။ Virginia Tech တက္ကသိုလ်မှ စိတ်ပညာရှင် သောမတ်အိုလန်ဒစ်ရဲ့ အဆိုအရ  ကြောက်စိတ်ဟာ "မမျှော်လင့်မှု"ဆီကလာတာပါ။ ဒါကြောင့် သင့်ရဲ့စိတ်ဟာ အမှောင်နဲ့တွဲဖက်ပြီး ဖြစ်နိုင်ခြေပေါင်းမြောက်များစွာကို စိတ်ကူးနေတာ ဖြစ်ပါတယ်။

 

သားစားသတ္တဝါတွေဟာ အမှောင်ကို အသုံးချကာ တိုက်ခိုက်တတ်ကြောင်း  ရှေးဦးလူသားတွေဟာ သိရှိခဲ့ရာကနေ ဆင့်ကဲပြောင်းလဲလာပြီး လူသားရဲ့မသိစိတ်ဟာ အမှောင်ကို ကြောက်တတ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အမှောင်ကို ကြောက်သူတွေဟာ ဖြစ်နိုင်ခြေစိတ်ကူးပေါင်းများစွာကို တွေးခေါ်နိုင်သူတွေ ဖြစ်ပါတယ်။

Photos & Source: Elite Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ