Lifestyle: ဂျပန်က ကာဝါစကီဟော်လိုဝင်းပွဲကို လူပေါင်းသိန်းနဲ့ချီ လာရောက်ကြည့်ရှု

ကာဝါစကီဟော်လိုဝင်းပွဲကို နှစ်စဉ် ကျင်းပလာခဲ့ပြီး ယခုနှစ်ဟာ နှစ် ၂၀ ပြည့်လည်း ဖြစ်ပါတယ်။

play


ဂျပန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ကာဝါစကီဟော်လိုဝင်းပွဲကို လူပေါင်းသိန်းနဲ့ချီ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရပါတယ်။

play


အဆန်းတကြယ် ဟော်လိုဝင်းဝတ်စုံမျိုးစုံဖြင့် ပါဝင်ဆင်နွှဲသူ ၂,၆၀၀ ခန့်ရှိခဲ့ကြောင်း ပွဲစီစဉ်သူတွေက ပြောပါတယ်။ ကာဝါစကီဟော်လိုဝင်းပွဲကို နှစ်စဉ် ကျင်းပလာခဲ့ပြီး ယခုနှစ်ဟာ နှစ် ၂၀ ပြည့်လည်း ဖြစ်ပါတယ်။

play


တိုကျိုအနီးတစ်ဝိုက်မှာ အကြီးကျယ်ဆုံး ကျင်းပပြုလုပ်တဲ့ ကာဝါစကီဟော်လိုဝင်းပွဲကို လူပေါင်း ၁၃၀,၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရပါတယ်။

  play


ယခုနှစ် အကောင်းဆုံး ဟော်လိုဝင်းဝတ်စုံဆုအဖြစ် အီတလီနိုင်ငံကို အားလပ်ရက်ခရီးထွက်ခွင့်နဲ့ ဂျပန်ယန်းငွေ ၁၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၉၅၈) ပါဝင်ပါတယ်။

play


ကာဝါစကီဟော်လိုဝင်းပွဲကို ကလေးတွေအတွက် အောက်တိုဘာ ၂၉ ရက်နဲ့ အရွယ်ရောက်ပြီးသူတွေအတွက် အောက်တိုဘာ ၃၀ ရက်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ