Lifestyle: ရယ်ချင်သူများအတွက်

Duwun ပရိသတ်တွေရဲ့ ဘဝအမောတွေ ခဏတာဖြစ်ဖြစ် ပြေပျောက်စေဖို့အတွက် ရယ်စရာလေးတွေပါ။

play

အချိန်ရသေးတာပဲ

အမျိုးသား - အေမီ ... မင်းသာ ကိုယ့်ကိုပြန်မချစ်ရင် ကိုယ် ရထားအကြိတ်ခံဖို့ ဆုံးဖြတ်ထားတယ် ... သိလား။
အေမီ - စဉ်းစားခွင့်ပေးပါဦးလား။ နောက်ရထားက မနက်ဖြန်မှ လာမှာပဲဥစ္စာ။

ဒီတစ်ခါ

တရားသူကြီးရဲ့အမေးကို တရားခံလူငယ်က ငိုလျက်ဖြေ၏။
တရားသူကြီး - အရင်က ထောင်ကျဖူးသလား။
တရားခံ - တစ်ခါမှ မကျဖူးပါဘူးခင်ဗျာ။
ငိုနေတဲ့ တရားခံလူငယ်ကို တရားသူကြီးက ပြောသည်။
တရားသူကြီး - ဝမ်းနည်းမနေပါနဲ့။ ဒီတစ်ခါ ကျရပါစေ့မယ်။

မှားလို့

ဆရာမက တပည့်ဖြစ်သူအား ဖဲဝိုင်းတွင် ဖဲကစားနေသည်ကို တွေ့လိုက်သဖြင့် နားရွက်ဆွဲလိမ်ကာ ခေါ်ထုတ်လာသည်။
ဆရာမ - မင်းကို ဆရာမ ဘာကြောင့် နားရွက်ဆွဲလိမ်လဲ သိရဲ့လား။
တပည့် - သိပါတယ် ဆရာမ။ ဖဲပစ်မှားလို့ပါ။

play

ညီလေးရဲ့စေတနာ

ပထမလူ - မင်းခေါင်းမှာ ပတ်တီးကြီးနဲ့ပါလား။ ဘာဖြစ်တာလဲကွ။
ဒုတိယလူ - ခြင်ကိုက်သွားလို့ပါ။
ပထမလူ - ဟေ! ခြင်ကိုက်တာ ပတ်တီးစည်းရတဲ့အထိတောင် ဖြစ်လို့လားကွ။
ဒုတိယလူ - ကိုက်နေတဲ့ခြင်ကို ကျွန်တော့်ညီလေးက ပေါက်တူးနဲ့ရိုက်သတ်လိုက်လို့ပါဗျာ။

သေတော့မယ်

မြွေးပွေးနှစ်ကောင်ဆုံကြရာ တစ်ကောင်ကမေးသည်။
ပထမမြွေပွေး -  ငါက အဆိပ်ရှိသလားဟင်။
ဒုတိယမြွေပွေး - ရှိတာပေါ့။ နင်က မြွေးပွေးမပဲဥစ္စာ။
ပထမမြွေပွေး - ဒါဆိုရင်တော့ ဒုက္ခပါပဲ။
ဒုတိယမြွေပွေး - ဘာဖြစ်လို့လဲ။
ပထမမြွေပွေး - ငါ့လျှာကို ငါ ကိုက်လိုက်မိတယ်လေ။

ဒါတော့မြန်တယ်

အထက်လူကြီး - မင်းအလုပ်လုပ်တာ နှေးလှချည်လားကွာ။ မင်းမြန်မြန်လုပ်နိုင်တဲ့ အလုပ် ဘာရှိလဲကွ ဟေ။
အလုပ်သမား - ဟုတ်ကဲ။ ကျွန်တော် ခေါင်းချလိုက်တာနဲ့ အိပ်ပျော်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ