Lifestyle: ဘဏ်ချေးငွေလျှောက်မယ်ဆိုရင် သိထားသင့်တဲ့အချက်များ

ဘဏ်ချေးငွေလျှောက်ထားမယ်ဆိုရင် ယေဘုယျအားဖြင့် အပေါင်ပစ္စည်း ဒါမှမဟုတ် အာမခံပစ္စည်း တင်ပြရပါမယ်။ တနည်းအားဖြင့် မရွှေ့မပြောင်းနိုင်တဲ့ အာမခံပစ္စည်းပိုင်ဆိုင်မှု စာချုပ်တွေ၊ အထောက်အထားတွေကို တင်ပြရမှာဖြစ်ပြီး ငွေချေးယူမယ့်သူရဲ့ အမည်ပေါက်မြေနဲ့ အဆောက်အအုံတို့ ဖြစ်ဖို့လိုပါတယ်။

 

play

 

ဘဏ်ချေးငွေလျှောက်ထားမယ်ဆိုရင် ယေဘုယျအားဖြင့် အပေါင်ပစ္စည်း ဒါမှမဟုတ် အာမခံပစ္စည်း တင်ပြရပါမယ်။ တနည်းအားဖြင့် မရွှေ့မပြောင်းနိုင်တဲ့ အာမခံပစ္စည်းပိုင်ဆိုင်မှု စာချုပ်တွေ၊ အထောက်အထားတွေကို တင်ပြရမှာဖြစ်ပြီး ငွေချေးယူမယ့်သူရဲ့ အမည်ပေါက်မြေနဲ့ အဆောက်အအုံတို့ ဖြစ်ဖို့လိုပါတယ်။

မြေပိုင်ဆိုင်မှုအတွက် အောက်ပါစာချုပ်တွေနဲ့ အထောက်အထား(မူရင်း)တွေ လက်ဝယ်ရှိထားဖို့ လိုအပ်ပါတယ်။

(က) မြေငှားဂရန်စာချုပ်

(ခ) မှတ်ပုံတင်ပြီးမြေနှင့် အဆောက်အအုံအရောင်းအ၀ယ်စာချုပ် (သို့) မှတ်ပုံတင်ပြီး အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာလွှာ (သို့) မှတ်ပုံတင်ပြီး မေတ္တာဖြင့်အပိုင်ပေးကမ်းခြင်းစာချုပ် (သို့) မှတ်ပုံတင်ပြီး ပိုင်ဆိုင်မှုကိုစွန့်လွှတ်/လက်ခံခြင်းစာချုပ် စသည် ----

``ဘဏ်မှငွေချေးရန်´´အကြောင်းပြချက်နဲ့ လက်ရှိကာလအတွက် သက်ဆိုင်ရာမြေယာဌာန (သို့မဟုတ်) မြေစာရင်းရုံးမှထုတ်ပေးတဲ့ မြေပုံမြေရာဇ၀င်မှတ်တမ်းကို တင်ပြရမှာဖြစ်ပြီး ပိုင်ဆိုင်မှုလက်ဝယ်ရှိကြောင်းနဲ့ အရှုပ်အရှင်းကင်းရှင်းကြောင်း ဘဏ်ဥပဒေအကျိုးဆောင်ရဲ့ စိစစ်တင်ပြချက်လိုအပ်ပါတယ်။ တကယ်လို့သက်ရှိထင်ရှားမိဘတွေရဲ့ အမည်ပေါက်ပိုင်ဆိုင်တဲ့မြေနဲ့ အဆောက်အအုံတွေဆိုရင် ငွေချေးယူမယ့် သား၊ သမီးအား မှတ်ပုံတင်ကိုယ်စားလှယ်လွှဲစာနဲ့ အတူ ငွေချေးယူမယ့်သူရဲ့ ကျမ်းကျိန်လွှာတို့ကို ဘဏ်သို့တင်ပြရပါမယ်။

ဒါ့အပြင် အဆိုပါမိဘတွေရဲ့ အမွေဆက်ခံခွင့်ရှိတဲ့ ကျန်သားသမီးတွေရှိသေးရင် သူတို့ရဲ့သဘောတူညီကြောင်း ကတိပြုလွှာတွေ တင်ပြရပါမယ်။ ငွေချေးယူမယ့်သူရဲ့ ကိုယ်ရေးအချက်အလက်တွေဖြစ်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စုစာရင်း တို့ကိုလည်း တင်ပြရပါမယ်။

ရပ်ကွက်/ကျေးရွာတွင်အမှန်တကယ် နေထိုင်သူဖြစ်ကြောင်း ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ကိုလည်း ဖြည့်စွက်တင်ပြရပါမယ်။

ဘဏ်ချေးငွေခွင့်ပြုချက်ရရှိပါက ပြန်လည်ပေးဆပ်နိုင်မယ့် အလားအလာ ရှိ-မရှိ စိစစ်နိုင်ရန် ငွေချေးယူမယ့်သူရဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ အထောက်အထားများ၊ ငွေကြေးစာရင်းများနှင့် လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းများကို တင်ပြရပါမယ်။

ကုမ္ပဏီလုပ်ငန်းဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်နဲ့ Form-E, Form-6, Form-26 တို့ကို တင်ပြရပါမယ်။ သက်တမ်းရှိလုပ်ငန်းလိုင်စင်နဲ့အတူ အခွန်ထမ်းဆောင်ပြီးသည့်ပြေစာများနဲ့ (၃)နှစ်စာ ဘဏ္ဍာရေးစာရင်းရှင်းတမ်းများ ကိုလည်း တင်ပြရပါမယ်။

အာမခံပစ္စည်းတွေရဲ့ဓာတ်ပုံတွေနဲ့ စီးပွားရေးလုပ်ငန်းရဲ့ ဓာတ်ပုံတွေပူးတွဲတင်ပြရပါမယ်။ ဒီအချက်အလက်တွေကတော့ CB ဘဏ်မှာ ဘဏ်ချေးငွေယူတဲ့အခါ လိုအပ်တဲ့အချက်အလက်တွေကို ကိုးကားပြီး ဖော်ပြထားတာဖြစ်တဲ့အတွက် လူကြီးမင်းတို့အနေနဲ့ ဘဏ်တွေမှာ ငွေချေးဖို့အစဉ်အစီများရှိခဲ့ရင် ဖော်ပြပါအချက်အလက် တွေကိုလေ့လာပြီး ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။

အသေးစိတ်အချက်အလက်တွေထပ်မံသိရှိလိုပါက CB Bank ရဲ့ website -

http://www.cbbank.com.mm/ နဲ့ Official Facebook page -

https://www.facebook.com/CBBankmyanmar/?fref=ts တို့မှာ ၀င်ရောက်ကြည်ရှု့နိုင်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

ယခုကြော်ငြာနှင့် ပတ်သက်၍

Social Stream


ကြည့်ရှုသူ အများဆုံး