Lifestyle: ဟော်လိုဝင်းနေ့မှာ ဘာလို့ ရွှေဖရုံသီးကို ထွင်းထုကြတာလဲ

မူလကအသုံးပြုခဲ့တာ ရွှေဖရုံသီး မဟုတ်ပါဘူး။

play

 

အောက်တိုဘာ ၃၁ ရက်နေ့တိုင်းကျရောက်တဲ့ ဟော်လိုဝင်းနေ့မှာ ရွှေဖရုံသီးတွေကို ရုပ်ပုံတွေ ထွင်းထုပြီး မီးအိမ်လုပ်ကာ အလှဆင်ကြပါတယ်။

play

 

အဲဒါဟာ Samhain ပွဲတော်မှာ အိမ်တွေကို တစ္ဆေသရဲတွေမလာနိုင်အောင် ပြုလုပ်ကြရာကနေ စတင်တာ ဖြစ်ပါတယ်။ အရင်တုန်းကတော့ တရုတ်မုန်လာဥကို ထွင်းထုတတ်ကြပြီး အချိန်တွေ ရွေ့လျားလာချိန်မှာ ရွှေဖရုံသီးပေါ်မှာ ထွင်းထုလာကြတာကို တွေ့ရပါတယ်။ အကြောင်းရင်းကတော့ အမေရိကကို ပြောင်းရွှေ့လာကြတဲ့ အိုင်းရစ်တွေဟာ ထွင်းထုဖို့အတွက် ရွှေဖရုံသီးတွေကိုသာ တွေ့ရှိတာကြောင့်လို့ သိရပါတယ်။ ရွှေဖရုံသီးကို ထွင်းထုတဲ့အလေ့အထက ၁၉၂၀ ပြည့်လွန်နှစ်များကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။

play

 

Jack O’Lantern လို့ ခေါ်တဲ့ ရွှေဖရုံသီးမီးအိမ်ရဲ့ သမိုင်းကြောင်းကတော့ နတ်ဆိုးက လှည့်စားပြီး အရက်ဝယ်ခိုင်းခံရတဲ့ Stingy Jack ရဲ့ဇာတ်လမ်းက လာတာဖြစ်ပါတယ်။ အဲဒီလို ပြုလုပ်ခဲ့တဲ့အတွက် သူသေသွားတဲ့အခါ သူ့ကို ကောင်းကင်ဘုံရော ငရဲပြည်ကိုပါ သွားခွင့်မပေးတော့ဘဲ အဲဒီနတ်ဆိုးက သူ့ကို မီးတောက်နေတဲ့ မီးကျီးခဲတစ်ခဲထဲမှာ ပိတ်ထားခဲ့ပြီး အဲဒီမီးကျီးခဲကို တရုတ်မုန်လာဥထဲမှာ ထည့်ထားခဲ့တယ်လို့ ဒဏ္ဍာရီမှာ ဆိုထားပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ