Lifestyle: အနောက်တိုင်း အောက်လမ်းဆရာတွေရဲ့ ဖုတ်ကောင်ပြုလုပ်နည်း

သူတို့ဟာ ဖုတ်ကောင်တွေကို ကျေးကျွန်အဖြစ် ဖန်တီးကြပါတယ်။

play

 

ဖုတ်ကောင် (Zombie) ဆိုတာ သင်္ချိုင်းက ထလာတဲ့ လူသေကို ခေါ်တာပါ။ ဝိဉာဉ်လည်းမရှိ၊ ကိုယ်ပိုင်စိတ်ဆန္ဒလည်းမရှိတဲ့ လမ်းလျှောက်နေတဲ့ လူသေကောင်ကြီးသာ ဖြစ်ပါတယ်။

လူတစ်ယောက်ကို ဖုတ်ကောင်ပြုလုပ်ချင်တယ်ဆိုရင် အောက်ပါအဆင့် ၄ ဆင့်ကို တသွေမတိမ်းလိုက်နာဖို့လိုတယ်လို့ ဆိုပါတယ်။

play

 

၁။ မြင်းပေါ်မှာ နောက်ပြန်စီးပြီး သင် ဖုတ်ကောင်ပြုလုပ်လိုတဲ့ လူရဲ့အိမ်ကို သွားရပါတယ်။

၂။ သူ့ရဲ့အိမ်တံခါးက သော့ပေါက်မှာ နှုတ်ခမ်းအတွင်းသားကို တင်ပါ။ အဲဒီနောက် အဲဒီလူရဲ့သွေးကို စုပ်ပြီး သွေးတွေကို ပုလင်းတစ်လုံးထဲ ထွေးထုတ်ကာ အဆို့နဲ့ ပိတ်ရပါတယ်။

play

 

၃။ အဲဒီလူဟာ နေမကောင်းဖြစ်လာပြီး သေဆုံးသွားပါလိမ့်မယ်။ ဒါပေမဲ့ ဈာပနပြီးနောက် အလောင်းကို ဂူဆီခေါ်သွားပြီး ဂါထာတွေ ရွတ်ကာ အသက်ပြန်သွင်းရပါတယ်။

၎။ အောက်လမ်းဆရာက သူ့နာမည်ကို ခေါ်လိုက်ချိန်မှာ အလောင်းကောင်ကြီးက မျက်လုံး ပွင့်ပြီး ထလာပါလိမ့်မယ်။ အဲဒီအချိန်ကစပြီး သူဟာ အောက်လမ်းဆရာရဲ့ ကျေးကျွန်ဖြစ်သွားပါပြီ။ ကိုယ်ပိုင်စိတ်ဆန္ဒမရှိတဲ့ လမ်းလျှောက်နေတဲ့ လူသေကောင်ကြီး ဖြစ်သွားပါပြီ။

မှတ်ချက် - ဒီနေ့အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကျရောက်တဲ့ ဟော်လိုဝင်းနေ့အထိမ်းအမှတ်အဖြစ် ဒဏ္ဍာရီပုံပြင်ထဲက နည်းလမ်းတစ်ခုအား ဖော်ပြပေးတာ ဖြစ်ပါတယ်။ ပျော်ရွှင်စရာ ဟော်လိုဝင်းနေ့ ဖြစ်ပါစေ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ