Lifestyle: သူငယ်တန်းကလေးတွေ ကြောက်လန့်ငိုကြွေးကြတဲ့ ဟောလိုးဝင်းဝတ်စုံ

နာမည်ကျော်ဂျပန်ကာတွန်းကားကို သိကြပုံမရပါဘူး။

play

 

ဟောလိုးဝင်းပွဲတော်ကို ကမ္ဘာပေါ်က နိုင်ငံအတော်များများမှာ သရဲတစ္ဆေဝတ်စုံအမျိုးမျိုး ဝတ်ဆင်ပြီး ဆင်နွှဲကြပါတယ်။ ထိုင်ဝမ်က သူငယ်တန်းကျောင်းသူလေးရဲ့ ဟောလိုးဝင်းဝတ်စုံဟာ ကမ္ဘာတစ်ဝန်းက လူမှုကွန်ရက်တွေပေါ်မှာ ဖြန့်ဝေသူ များပြားလာခဲ့ပါတယ်။

play

 

ကလေးငယ်လေးဟာ နာမည်ကြီး ဂျပန်ကာတွန်း Spirited Away ထဲက No-Face ဇာတ်ကောင်ပုံစံ ဝတ်ဆင်လာခဲ့တာပါ။ အနက်ရောင်ဝတ်ရုံကြီးနဲ့အတူ အဖြူရောင်မျက်နှာက ကာတွန်းထဲကအတိုင်းပါပဲ။

play

ဒါပေမဲ့ ထိုင်ဝမ်ကလေးငယ်တွေဟာ စိတ်ကူးကောင်းလှတဲ့ နာမည်ကျော်ဂျပန်ကာတွန်းကားကို သိကြပုံမရပါဘူး။ No-Face ပုံရိပ်ကို မြင်လို့ငိုတဲ့ကလေး နှစ်ယောက်ထက်မနည်း ရှိသွားခဲ့ရပါတယ်။

play

Spirited Away ကာတွန်းကို ဂျပန်ကာတွန်းဆရာ ဟာယာအို မီယာဇာကီက ၂၀၀၁ ခုနှစ်မှာ ဖြန့်ချိခဲ့ပြီး ဂျပန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ရင်နင့်ဖွယ်ရာအဖြစ်အပျက်တွေကို လျှို့ဝှက်ဖော်ပြခဲ့တဲ့ဇာတ်လမ်းလည်းဖြစ်ပါတယ်။ My Neighbour Totoro တို့လို ကလေးတွေအချစ်တော်ကာတွန်းတွေရေးဆွဲခဲ့တဲ့ ကာတွန်းဆရာ ဟာယာအိုဟာ ယခုနှစ်အောက်တိုဘာလမှာ ကွယ်လွန်သွားခဲ့ပါပြီ။

Source : Shanghaiist

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ