Lifestyle: မသန်စွမ်းကလေးငယ်တွေအတွက် စပါယ်ရှယ်ပြုလုပ်ထားတဲ့ ဟောလိုးဝင်းယာဉ်များ

အကျိုးမမြတ် မမျှော်ကိုးဘဲ ဖန်တီးပေးနေကြပါတယ်။

play

 

အမေရိကားက ရိုင်ယန်နဲ့ လာနာဝေမာတို့ဟာ မသန်စွမ်းကလေးတွေရဲ့ ဟောလိုးဝင်းအိပ်မက်ကို ဖြည့်ဆည်းပေးနေကြသူတွေပါ။ ဝှီးချဲနဲ့ သွားလာနေရတဲ့ မသန်စွမ်းကလေးငယ်တွေအတွက် ဝှီးချဲတွေကို အထူးယာဉ်လေးတွေအဖြစ် ဖန်တီးပေးကြပါတယ်။

play

 

Magic Wheelchair အမည်နဲ့ ထူထောင်ထားတဲ့ သူတို့ရဲ့ကုမ္ပဏီဟာ စေတနာ့လုပ်အားရှင်တွေရဲ့ အကူအညီနဲ့ ကလေးတွေအတွက် 3D ဝတ်စုံတွေ ပြုလုပ်ပေးကြပါတယ်။ အချိန်အားဖြင့် နာရီ ၁၂၀ ထက်မနည်း ပြုလုပ်ရတဲ့ ဝတ်စုံတစ်ခုရဲ့တန်ဖိုးဟာ ဒေါ်လာ ၂၀၀၀ ကနေ ဒေါ်လာ ၄၀၀၀ ကြား ကုန်ကျပါတယ်။

play

 

သူတို့ရဲ့ မသန်စွမ်းကလေးတွေအတွက် စိတ်ကူးဆန်းဆန်းနဲ့ ပြုလုပ်ပေးရာကနေ အခြားကလေးတွေကိုပါ ပြုလုပ်ပေးဖြစ်သွားတာပါ။ နှစ်စဉ် မိဘတွေဆီက အော်ဒါကောက်ခံပြီး မသန်စွမ်းကလေးတွေကို ပျော်ရွှင်အောင်ပြုလုပ်နေကြသလို အကျိုးမမြတ်မမျှော်ကိုးတဲ့ ကုမ္ပဏီအဖြစ်လည်း ရပ်တည်ဖို့ ဆုံးဖြတ်ထားကြပါတယ်။

Source : Metro

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ