play

 

ရုရှားနိုင်ငံ မော်စကိုမြို့က စုံတွဲတစ်တွဲရဲ့ မင်္ဂလာအခမ်းအနားဟာ အထူးဧည့်သည်တော်တစ်ဦးကြောင့် ပိုပြီးလှပခဲ့ရပါတယ်။ စတီဖင်လို့ အမည်ပေးထားတဲ့ ဝက်ဝံညိုကြီးက သူတို့ရဲ့မင်္ဂလာပွဲမှာ အသိသက်သေအဖြစ်နဲ့ ပါဝင်ပေးခဲ့လို့ပဲ ဖြစ်ပါတယ်။

play

 

မင်္ဂလာမောင်နှံက အပြန်အလှန် ကတိသစ္စာပြုကြတဲ့အခါ စတီဖင်က သတို့သားနဲ့ သတို့သမီးရဲ့လက်တွေကိုကိုင်ထားပြီး သက်သေအဖြစ် နားထောင်ပေးခဲ့ပါတယ်။

play

 

အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကူးရာမှာလည်း တည်တည်ငြိမ်ငြိမ်နဲ့ ပါဝင်ခဲ့ပါသေးတယ်။ ပုံတွေက ပြည်တွင်းသတင်းဌာနတွေမှာသာမက ပြည်ပဝက်ဘ်ဆိုက်တွေအထိပါ ပျံ့နှံ့လာခဲ့ပါတယ်။

Source : Global Times

play

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video