AD
AD
AD
play

 

အန်တိုနီယို ဆူလိုင်မန်ဟာ အသက် ၁၅ နှစ်အရွယ်မှာ ဂျာမနီနိုင်ငံကို ဒုက္ခသည်အဖြစ်နဲ့ ရောက်ရှိလာခဲ့ပါတယ်။ သူ့ရဲ့ မူလဇာတိမြေ ဆီးရီးယားနိုင်ငံမှာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်က ဆူလိုင်မန်တို့ မိသားစုကို ဒုက္ခသည်ဘဝ ရောက်သွားစေခဲ့တာပါ။

play

 

၂၀၁၂ ခုနှစ်က ဂျာမနီကိုရောက်လာတဲ့ စစ်ပြေးဒုက္ခသည်ကောင်လေးဟာ ခုချိန်မှာတော့ ဘဝသစ်တစ်ခုမှာ အခြေချနေပါပြီ။ သူ့ကို လိင်ဖျော်ဖြေရေးဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်တဲ့ အပြာမင်းသားအဖြစ်နဲ့ သိကြပါတယ်။ သူ့ဘဝက အေးချမ်းသွားပြီလို့တော့ မဆိုနိုင်သေးပါဘူး။ ဒီအလုပ်လုပ်နေတဲ့အတွက် အသက်ဘေးခြိမ်းခြောက်မှုတွေ ကြုံရပါသေးတယ်။

play

 

ဆူလိုင်မန်တို့ရဲ့ မူလနိုင်ငံ ဆီးရီးယားမှာ လိင်ဖျော်ဖြေရေးကို ပိတ်ပင်တားမြစ်ထားတာကြောင့် သူ့ရဲ့အပြာမင်းသားအလုပ်ကို သူ့လိုပဲ ဂျာမနီကိုရောက်လာကြတဲ့ ဆီးရီးယားဒုက္ခသည်တွေက သဘောမကျကြတာဖြစ်ပါတယ်။ အသက် ၁၉ နှစ်နဲ့ လူသိများတဲ့ အပြာမင်းသားဘဝ ရောက်လာတဲ့ ဆူလိုင်မန်ကတော့ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူတွေရဲ့ အတွေးအမြင်သဘောထားတွေကို ပုံသွင်းလိုက်ချင်တယ်လို့ ဆိုပါတယ်။

Source : Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD