AD
AD
AD
play

 

ဂျပန်နိုင်ငံ ဟီရိုရှီးမားကျွန်းစု၊ Kure မြို့က အမျိုးသားကြီးတစ်ဦးရဲ့ အိမ်မွေးတိရစ္ဆာန်က ခွေးလည်းမဟုတ်သလို ကြောင်လည်း မဟုတ်ပါဘူး။ လူတွေကြောက်ကြတဲ့ မိကျောင်းတစ်ကောင်ပါ။ သူ့ရဲ့မိကျောင်းကို မွေးမြူထားဖို့အတွက်လည်း ဒေသအာဏာပိုင်တွေက ခွင့်ပြုထားတယ်လို့ သိရပါတယ်။

play

 

နိုဘူမစ်ဆူ မူရာဘာယာရှီအမည်ရှိ အသက် ၆၅ နှစ်အရွယ် အမျိုးသားကြီးဟာ အလျား ၆ ပေ ၈ လက်မ ရှိပြီး အလေးချိန် ၄၆ ကီလိုဂရမ်ရှိ မိကျောင်းမျိုးနွှယ်ဝင် caiman ဆိုတဲ့သတ္တဝါကြီးကို မွေးမြူထားတာပါ။ သူ့ရဲ့မိကျောင်းကို ကြိုးနဲ့ချည်ကာ မြို့ထဲမှာလမ်းလျှောက်ထွက်တာကိုလည်း မကြာခဏ မြင်ရပါတယ်။ မိကျောင်းကြီးနဲ့လမ်းလျှောက်ထွက်တဲ့ မူရာဘာယာရှီဟာ မြို့ထဲမှာတော့ ဆယ်လီတစ်ဦးဖြစ်လို့နေပါတယ်။

play

 

ဒီသတ္တ၀ါကြီးကို လွန်ခဲ့တဲ့ ၃၄ နှစ်ကတည်းက ၀ယ်ယူမွေးမြူထားခဲ့တာပါ။ အိမ်မှာလည်း လွတ်လပ်စွာ သွားလာခွင့်ပြုထားတဲ့အပြင် သီးသန့်အိပ်ယာတောင် လုပ်ပေးထားပါသတဲ့။ သူနဲ့ ယဉ်ပါးနေတာကြောင့်လည်း နေ့စဉ်နေ့တိုင်း သွားတိုက်ပေးဖြစ်တယ်လို့ မူရာဘာယာရှီက ဆိုပါတယ်။

Source : Mail Online

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD