AD
AD
AD
play

 

ခန္ဓာစွဲကြီးလွန်းနေတဲ့ အယ်လန်နာဘက်ဂ်ဝဲလ်ဟာ နေ့စဉ် မိတ်ကပ်လိမ်းဖို့ လေးနာရီကြာ အချိန်ဖြုန်းလေ့ရှိပြီး သူမကိုယ်သူမ ဆွဲဆောင်မှုမရှိတဲ့သူလို့ ထင်မြင်ကာ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ၃ ကြိမ် ကြိုးစားခဲ့ပါတယ်။

"ကျွန်မမျက်နှာကို ကြည့်ကြမယ့် တခြားသူတွေအတွက် စိတ်မကောာင်းဘူး။ ကျွန်မမျက်နှာကို သူတို့ကို မြင်ခွင့်ပေးရမှာ ရက်စက်ရာကျတယ်" လို့ အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ဒ်ရှိုင်းယားမှာ နေထိုင်တဲ့ စိတ်ပညာကျောင်းသူလေး အယ်လန်နာက ဆိုပါတယ်။

"ကျွန်မ သဘောကျနိုင်မယ့်ပုံရမလားဆိုပြီး ဓာတ်ပုံရိုက်ကြည့်တယ်။ အင်စတာဂရမ်မှာ ပုံတင်လိုက်ပြီး like တစ်ခုတောင်ရဖို့ ခက်ခဲနေရင် ကျွန်မက စိတ်ပျက်စရာကောင်းတယ်လို့ ယုံကြည်သွားမိလိမ့်မယ်" လို့ သူမက ဆိုပါတယ်။

play
အသက် ၁၄ နှစ်အရွယ် အယ်လန်နာနဲ့ သူမရဲ့မောင်လေး

 

သူမ အသက် ၁၄ နှစ်အရွယ်မှာ လမ်းထွက်ရင် လူတွေကြည့်တာ ခံရဟာ သူမပုံစံက စိတ်ပျက်စရာကောင်းလို့ ကြည့်တာလို့ ထင်ခဲ့ပြီး မိခင်ဖြစ်သူက သူမထင်တာနဲ့ ဆန့်ကျင်ဘက်ဖြစ်ကြောင်း ရှင်းပြပေမဲ့ သူမကတော့ မယုံကြည်ခဲ့ပါဘူး။

"ကျွန်မကိုယ်ကျွန်မ မုန်းခဲ့တယ်။ ကျောင်းလည်းမသွားဘူး။ အိပ်ခန်းထဲကတောင် မထွက်ဘူး။ အမေက စားစရာတွေ ယူလာပေးရတယ်" လို့ သူမက ဆိုပါတယ်။

play

 

သူမ အသက် ၁၆ နှစ်အရွယ်ကစပြီး အသက် ၁၈ နှစ်အရွယ်အတွင်း အကိုက်အခဲပျောက်ဆေးတွေ သောက်ပြီး သတ်သေဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပါတယ်။

အခု စိတ်ပညာသင်ယူနေတဲ့ အယ်လန်နာဟာ အထူးကုတွေနဲ့ ပြသနေပေမဲ့ အခုထိ အိမ်ပြင်ကို ထွက်ခဲသူ ဖြစ်ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD