AD
AD
AD
play

 

ဒက်ဘီရီဆန်ရဲ့မိခင်ဟာ သူမကို ခရင်မ်ကိတ်တွေနဲ့ အာလူးကြော်တွေ အမြဲကြွေးတယ်လို့ ဆိုပါတယ်။

"ကိုယ့်ဘာသာလည်း ယူစားဦး။ သမီးကို ခံတွင်းမပျက်စေချင်လို့" လို့ သူမရဲ့မိခင်က ဆိုကြောင်း ဒက်ဘီက ပြောပြပါတယ်။

သူမဟာ ပေါင် ၆၅၀ အထိ တက်လာခဲ့ပြီး သန့်စင်ခန်းကိုတောင် ကိုယ်တိုင် ထမသွားနိုင်တဲ့အခြေအနေ ရောက်ခဲ့ရပါတယ်။ ဒါပေမဲ့ သူမရဲ့မိခင်ကတော့ ဘာမှမဖြစ်ဘူး၊ အစာလျှော့စားစရာ မလိုဘူးလို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

သမီးဖြစ်သူ ဝိတ်ကျမှာစိုးလို့ အသက်ကယ်တဲ့ ကိုယ်အလေးချိန်ချဖို့ ခွဲစိတ်ကုသခွင့်ရတဲ့ အခွင့်အရေးကိုတောင် သူမအမေက လက်မခံခဲ့ဘူးလို့ ဒက်ဘီက ဆိုပါတယ်။

play

"တစ်ခါတလေမှာ ဗိုက်မဆာပေမဲ့ အမေနဲ့ စကားများစရာ အကြောင်းမရှိဘူးလို့ တွေးခဲ့တယ်။ ကျွန်မ အများကြီးမစားရင် အလဟဿဖြစ်အောင် လုပ်တယ်လို့ အမေက စွပ်စွဲတယ်" လို့ အသက် ၄၈ နှစ်အရွယ် ဒက်ဘီက ဆိုပါတယ်။

"အမေက ကျွန်မကို တစ်ခုခုဖြစ်ပါစေလို့ မရည်ရွယ်ခဲ့ပါဘူး။ ကျွန်မသူငယ်ချင်းတွေ အပြင်မှာ ကစားချိန်မှာ ကျွန်မတို့က အချိန်တိုင်း အတူထိုင်ပြီးစားတော့ ကိုယ်အလေးချိန်က တိုးပြီးရင်း တိုးလာတယ်" လို့ သူမက ပြောပြပါတယ်။

play

 

သူမရဲ့ဖခင်လည်း မိခင်ကို ပြောလို့မနိုင်ခဲ့ပါဘူး။ နောက်ဆုံး မိခင်ဖြစ်သူ ဘိုးဘွားရိပ်သာကို ရောက်သွားချိန်မှာမှ ဒက်ဘီဟာ အစာအိမ်ကို ချုံ့ခဲ့ရပြီး အဲဒီအချိန်ကစလို့ ၄၇၆ ပေါင်တောင် ကျသွားခဲ့ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle

AD