play

 

၂၅ ပတ်နဲ့ (၆ လကျော်)နဲ့ မွေးဖွားလာတဲ့ ကလေးငယ်တစ်ဦးဟာ အရမ်းကိုသေးကွေးလွန်းလို့ ဖခင်ရဲ့ လက်ထပ်လက်စွပ်ကိုတောင် ခြေကျင်းလုပ်ဝတ်လို့ရပါတယ်။ သေးညှက်လွန်းတဲ့ ခြေထောက်လေးက လက်စွပ်ဝတ်တာတောင်မှ ချောင်နေတုန်းပါပဲ။

play

 

ရေဒန် အိုင်ဆာဗစ် မွန်ဒရာဂျန်ဆိုတဲ့ ကလေးငယ်လေးကို စက်တင်ဘာ ၂၉ ရက်က မွေးဖွားခဲ့တာပါ။ မွေးဖွားစဉ်က အရပ် ၁၀ လက်မခွဲ ၊ အလေးချိန် ၂၈ ဂရမ်သာ ရှိပါတယ်။ ကလေးငယ်ကို ကိုယ်ဝန်ဆောင်စဉ်က မိခင်ရောကလေးပါ ကျန်းကျန်းမာမာပါပဲ။ ဒါပေမဲ့ ကိုယ်ဝန်ဟာ သီတင်းပတ် ၂၀ ရောက်လာတဲ့အခါ ဗိုက်ထဲက ကလေးမှာ Down လို့ခေါ်တဲ့ရောဂါကြောင့် လမစေ့မီ မွေးထုတ်လိုက်ရပါတယ်။ သူက မိခင်ဝမ်းထဲမှာ အောက်ဆီဂျင်ကောင်းကောင်းမရတော့ပါဘူး။

play

 

ဆေးရုံပေါ်မှာ နှစ်ပတ်ကြာအောင် အထူးကြပ်မတ် စောင့်ရှောက်မှု ခံယူပြီးနောက်မှာတော့ ရေဒန်လေးဟာ အိမ်ကိုသွားခွင့်ရလိုက်ပါပြီ။ ရေဒန်ရဲ့မိဘတွေကိုတော့ တကယ်ကိုမေတ္တာစိတ် ပြည့်ဝသူတွေလို့ ဆိုရမှာပါပဲ။ ကလေးကို ဖျက်ချလိုက်ရရင်ဖြစ်ပေမဲ့ မိခင်ရဲ့အသက်ကိုပါစွန့်စားပြီး မွေးထုတ်ခဲ့ကြတာပါ။ ရေဒန်လေးတော့ မိဘအရိပ်အောက်မှာ ကျန်းကျန်းမာမာ ကြီးပြင်းလာဖို့ မျှော်လင့်ရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video