play

 

အရှည် ၁၅.၇ လက်မ ရှိတဲ့ တီကောင်ကြီးတစ်ကောင်ဟာ ယူကေရဲ့ အကြီးဆုံးတီကောင်အဖြစ် မှတ်တမ်းတင်သွားပါတယ်။ ယူကေမှာ တွေ့ခဲ့ရသမျှ တီကောင်တွေထဲမှာ အကြီးဆုံးပါပဲ။

ချက်စ်ရှိုင်းယားပြည်နယ်က ပေါလ်ရီးစ် ဆိုသူက ဒီတီကောင်ကြီးကို တွေ့ခဲ့တာပါ။ ဒေ့ဗ်လို့တောင် သူ့သားလေးက အမည်ပေးထားပါတယ်။ ဒေ့ဗ်ဟာ အလျားရှည်ရုံမက အလေးချိန်ကလည်း ၂၆ ဂရမ်တောင် ရှိပါတယ်။

play

 

ဗြိတိန်ရဲ့ Earthworm Society (တီကောင်လေ့လာရေးအဖွဲ့အစည်း)ထံကို ဒေ့ဗ်ရောက်လာချိန်မှာ အားလုံးအံ့သြသွားကြပါတယ်။ အဖွဲ့ဥက္ကဋ္ဌ အမ်မာရှားလော့ဆိုရင် မယုံနိုင်လောက်အောင် ဖြစ်သွားခဲ့ရတဲ့အထိပါပဲ။ ဒေ့ဗ်ရဲ့အရှည်ဟာ သာမာန်တီကောင်တွေထက် သုံးဆ ပိုရှည်ပြီး အလေးချိန်ကလည်း ငါးဆ ပိုများတယ်လို့ သိရပါတယ်။

Source : Sky News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video