AD
AD
AD
play

 

အသက် ၂၅ နှစ်အရွယ် ဆီမွန်ဟာ ပါတီပွဲကြီးတွေ ဖိတ်ကြားခံရပြီး အကောင်းစား အိတ်တွေနဲ့ ဖိနပ်တွေ လက်ဆောင်ရကာ သီးသန့်လေယာဉ်နဲ့ ခရီးထွက်ရတယ်လို့ ဆိုပါတယ်။

သူမရဲ့လန်ဒန်က တိုက်ခန်းတွေ၊ အားကစားခန်းမကြီးတွေမှာ အဖွဲ့ဝင်စားရိတ်တွေ၊ အားလပ်ရက်ခရီးထွက်ခြင်းတွေ၊ တန်ဖိုးကြီးပစ္စည်းတွေအပြင် ရင်သားပြုပြင်ခြင်းအတွက် ငွေတွေကို သူမနဲ့တွဲတဲ့ သူဌေးကြီးတွေက ပေးခဲ့တယ်လို့ ဆိုပါတယ်။

play

 

"ကျွန်မရဲ့နေထိုင်မှုအတွက် မပေးနိုင်တဲ့သူမျိုးနဲ့ တွဲဖို့ လုံးဝစဉ်းစားမရခဲ့ဘူး။ ကြိုးစားကြည့်ဖူးတယ်။ ဒါပေမဲ့ မရဘူး။ ကျွန်မရဲ့တစ်လ ကုန်ကျစရိတ်က ပေါင် ၄၀၀၀ (ဒေါ်လာ ၆၈၀၀) ရှိတယ်လေ" လို့ သူမက ဆိုပါတယ်။

"မချမ်းသာတဲ့သူနဲ့ ကျွန်မ ဒိတ်မလုပ်ဘူး။ မအောင်မြင်သူတွေနဲ့ ဒိတ်လုပ်ဖို့ စိတ်ကိုမဝင်စားတာ" လို့ သူမက ဆိုပါတယ်။

play

 

နာမည်ကြီး ခရစ်ကတ်ကစားသမား ရှိန်းဝိန်းက သူမကို ညစ်ညမ်းဓာတ်ပုံတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သူမက စွပ်စွဲပြီးတဲ့နောက်မှာ ဆီမွန်ဟာ သတင်းစာမျက်နှာတွေပေါ်မှာ နာမည်ကြီးသွားခဲ့ဖူးပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD