AD
AD
AD
play

 

ဇာတ်ကားတိုင်းမှာ မှားယွင်းလိမ်ညာသလို ပါနေတာမဟုတ်ပေမဲ့ ဒီအချက်တွေကို သေသေချာချာသတိထားကြည့်ရင် လွဲသင့်သလောက်လွဲချော်နေတာတော့ တွေ့ရမှာပါ။ အပြင်လောကနဲ့ အနည်းငယ်ဆန့်ကျင်တယ်လို့ ပြောလို့ရတဲ့အချက်တွေပါသလို လုံးဝကွဲပြားပြီး အလိမ်အညာလိုဖြစ်နေတဲ့အချက်တွေလည်း ပါပါတယ်။

play

 

၁။ ကလေးမွေးပြီးလည်း ကိုယ်ခန္ဓာအလှက ပြောင်းလဲမသွားဘူး

အပြင်လောကမှာ ဘယ်လောက်လေ့ကျင့်ခန်းတွေလုပ်လုပ်၊ ဘယ်လိုရှောင်ရန်ဆောင်ရန်တွေ လိုက်နာလိုက်နာ ကလေးမွေးဖွားပြီးသား မိခင်ဟာ မမွေးဖွားခင် အပျိုဘ၀တုန်းကလို အဆီတွေကင်းရှင်းပြီး အလိုလိုလှနေမှာတော့မဟုတ်ပါဘူး။ အရမ်းသိသိသာသာကြီးမပြောင်းလဲရင်တောင် စိတ်ဖိစီးမှုတွေ၊ အလုပ်ရှုပ်ခြင်းတွေကြောင့် အလှပျက်ပြီး သိသာလာတဲ့နေရာတွေရှိနေမှာပါ။

play

 

၂။ ချောတဲ့ကောင်လေးတွေနဲ့ သာမန်သူငယ်ချင်းဖြစ်တာရှားတယ်

ချောပြီဆိုတာနဲ့ ဇာတ်လမ်းရဲ့မင်းသား သို့မဟုတ် ဒုတိယမင်းသားဖြစ်၊ ပြီးတော့ သူနဲ့ပတ်သက်တဲ့မင်းသမီးဇာတ်ကောင်က တစ်နည်းနည်းနဲ့ကြိုက်ဖြစ်သွားရပါတယ်။ တကယ်တမ်းအပြင်မှာ ခပ်ချောချောကောင်လေးတွေနဲ့ သာမန်သူငယ်ချင်းအဖြစ်ပေါင်းသင်းနေတဲ့ ခပ်ချောချောကောင်မလေးတွေလည်း ရှိနေတာပဲလေ။

play

 

၃။ အမြဲတမ်းလိုလို လှနေ

ဘယ်လောက် သဘာဝကျအောင်ရိုက်ကူးတယ်ပြောပြော ကောင်မလေးက တစ်နည်းနည်းနဲ့ကြည့်ကောင်းနေလေ့ရှိပါတယ်။ ဇာတ်ကားတိုင်းမဟုတ်ပေမဲ့ တော်တော်များများမှာပါ။

play

 

၎။ အဆီတက်မယ့်အစာတွေ ဘယ်လောက်စားစား၊ Gym မသွားလည်း ကိုယ်လုံးကိုယ်ပေါက်က အရမ်းလှနေတယ်

တကယ်တမ်းတော့ ကိုယ်လုံးကိုယ်ပေါက် အပြစ်ပြောစရာမရှိလှနေဖို့က တော်တော်ကြိုးစားယူရတဲ့ကိစ္စမျိုးပါ။ အစားအသောက်၊ အနေအထိုင်နဲ့ လေ့ကျင့်ခန်းတွေ မဖြစ်မနေလိုအပ်ပါတယ်။

play

 

၅။ ဒေါက်ဖိနပ်ကို ခြေထောက်မနာတဲ့အတိုင်း အမြဲစီးပြ

မိန်းကလေးတစ်ယောက်က ခပ်မိုက်မိုက်ခပ်လန်းလန်းဖြစ်နေဖို့ ဒေါက်မြင့်ဖိနပ်ကို ထည်လဲအချိန်တိုင်းနီးပါးစီးနိုင်နေပါတယ်။ တကယ်တမ်းအပြင်မှာ အဲလိုစီးနိုင်တဲ့မိန်းကလေးက အင်မတန်ရှားပါတယ်။ စီးနိုင်ရင်တောင် တော်ရုံအမြဲတမ်းမစီးကြပါဘူး။

play

 

၆။ ကဗျာဆန်ဆန် ရိုမန်တစ်ဆန်ဆန်လေးတွေမြင်ရရင် ပျော်နေ၊ ခွင့်လွှတ်မှုတွေပေးနေနိုင်တယ်။

ဒါလည်းမဟုတ်ပါဘူး။ တကယ့်အပြင်ချစ်သူသမီးရည်းစားတွေမှာ ပြဿနာတက်ပြီးတောင် ကဗျာဆန်ဆန် ရိုမန်တစ်ဆန်ဆန်လုပ်ပြီးချော့လိုက်တိုင်း မိန်းကလေးဘက်က ခွင့်လွှတ်နားလည်ပေးလိုက်နိုင်တာမျိုးမဟုတ်ပါဘူး။ ပြဿနာရဲ့အတိမ်အနက်နဲ့ အကျိုးသက်ရောက်မှုကသာ အဓိကကျတာပါ။

play

 

၇။ သူဌေးမတွေက ပျော်ပျော်မနေတတ်ဘူး။

ဇာတ်ကားထဲမှာတော့ သူတို့တွေဟာ ရက်စက်ပြီး တစ်ကိုယ်ကောင်းဆန်ရင်ဆန်နေ၊ မဟုတ်ရင် အေးတိအေးစက်နဲ့ စကားနည်းနေတတ်ကြပါတယ်။ ပျော်ပျော်နေတတ်တာရှားပါတယ်။ တကယ်တမ်းအပြင်မှာ မတူညီတဲ့ပုံစံတွေရှိကြတာပါ။ မိန်းကလေးသူဌေး၊ လုပ်ငန်းရှင်တချို့လည်း ပျော်ရွှင်စနောက်ပြီး သဘောကောင်းရင်တောင်ကောင်းနေကြပါသေးတယ်။

play

 

၈။ လက်ထပ်ခြင်းက အရေးအကြီးဆုံးလိုပဲ။

မိန်းကလေးတွေအတွက် ဘ၀အဆုံးသတ်မှာ လက်ထပ်ခြင်းကသာ အရေးအကြီးဆုံးနဲ့ အရေးအပါဆုံးစဉ်းစားရာတစ်ခု ဖြစ်နေတတ်ပါတယ်။ အပြင်လောကမှာ အဲဒီကိစ္စထက်အရေးကြီးတဲ့အရာတွေနဲ့ အချိန်ကုန်နေတဲ့ မိန်းကလေးတွေ တစ်ပုံတစ်ပင်ကြီးပါ။

Source : Cosmopolitan

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD