AD
AD
AD
play

 

အိမ်နီးချင်းတွေကိုသာ မိတ်ဆွေအဖြစ်ဖွဲ့ထားမယ်ဆို မိမိအိမ်လုံခြုံစိတ်ချရသလို အကူအညီကောင်းတွေလည်း အများကြီးရနိုင်မှာပါ။ ဒါပေမဲ့ အိမ်နီးချင်းတွေနဲ့ ကိုယ့်ကြားမှာ အဆင်မပြေမှုတွေ ရှိနေတယ်ဆိုရင် ကိုယ့်ဘက်က ဘာတွေမှားယွင်းနေသလဲဆိုတာ ပြန်သုံးသပ်ဖို့လိုပါပြီ။ ကိုယ့်ရဲ့ဒီအပြုအမူတွေဟာ အိမ်နီးချင်းတွေနဲ့ကိုယ်နဲ့ကြားက ရင်းနှီးမှုကို တားမြစ်စေတာအမှန်ပါပဲ။

play

 

၁။ အဝတ်အစားလဲနေတာ

အဝတ်အစားလဲပြီဆိုမှတော့ ခန္ဓာကိုယ်အကုန်လုံးနီးပါး မြင်နေရပြီပေါ့။ အိမ်နီးချင်းတွေဆိုတော့လည်း မမြင်ချင်ဘဲ မတော်တဆ မြင်သွားတတ်လို့ လုံခြုံတဲ့နေရာမှာ အဝတ်လဲတာ အကောင်းဆုံးပါ။

play

 

၂။ အော်ဟစ်ငြင်းခုံတာ

ဘယ်လောက်များ မျက်စိနောက်၊ နားငြီးလိုက်မလဲဆိုတာ ကိုယ်ချင်းစာကြည့်နိုင်ပါတယ်။

play

 

၃။ ငိုသံ

ကလေးပဲဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ် လူတစ်ယောက်ငိုနေတာကိုမြင်ရင် ဘယ်သူ စိတ်ချမ်းသာမှာတဲ့လဲ။ အထူးသဖြင့် ကိုယ့်အိမ်ဘေးက ငိုသံဟာ စိတ်မကောင်းလည်းဖြစ်ရသလို စိတ်အနှောင့်အယှက်လည်း ဖြစ်ရပါတယ်။

play

 

၎။ အိမ်သာတံခါးဖွင့်ပြီးထိုင်တာ

တစ်ချို့တွေ ရှိပါတယ်။ ကိုယ့်အိမ်မှာ အိမ်သာဝင်တာပဲဆိုပြီး တံခါးကိုမပိတ်ဘဲ ဒီအတိုင်းဝင်နေကြတာမျိုးပါ။ ဒါကို မြင်လိုက်ရတဲ့အခါ အိမ်နီးချင်းသာမက ကိုယ့်အိမ်သားတွေပါ စိတ်ပျက်လို့ဆုံးမှာမဟုတ်ပါဘူး။

Source : Huffpost

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD