play

 

အသက် ၃၃ နှစ်အရွယ် လီဒေါ်ဒေးဗစ်ဟာ ကခုန်ခြင်းကို ဝါသနာပါသူပါ။ ဝါသနာပါလွန်းတာကြောင့်လည်း မီးဖွားခါနီး နေ့စေ့လစေ့ဗိုက်နဲ့တောင်မှ အကမပျက်ခဲ့ပါဘူး။

play

 

အစ္စရေးသူ လီဒေါ်ဟာ ခင်ပွန်းသည်နဲ့အတူ ပေါ့ပေါ့ပါးပါး ကခုန်နေတာကိုလည်း ဗီဒီယိုရိုက်ကူးထားခဲ့ပါတယ်။

play

 

သူမရဲ့ကိုယ်ဝန်က သီတင်းပတ် ၄၁ ပတ်နီးပါး ရှိပါပြီ။ ပြီးတော့ ပထမဆုံး သားဦးကိုယ်ဝန်လည်းဖြစ်ပါတယ်။ ကိုယ်ဝန်လွယ်ထားရသူ မဟုတ်တဲ့အတိုင်း သွက်သွက်လက်လက်လည်း ကပြသွားတာကို တွေ့ရပါတယ်။

play

 

ကိုယ်ဝန်ဆောင်ချိန်မှာ ကခုန်ရခြင်းဟာ ကျန်းမာရေးကောင်းဖို့နဲ့ ကလေးအတွက်ကောင်းစေဖို့ ခုလို ကနေတာဖြစ်ကြောင်း လီဒေါ်က ဆိုပါတယ်။

Source : Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video