AD
AD
AD
play

 

ကိုယ်စားမယ့် ဟင်းပွဲတွေကို ကိုယ်တိုင်ချက်စရာမလိုဘဲ အဆင်သင့်ချက်ပြုတ်ပေးမဲ့ စက်ရုပ်ကို ကုမ္ပဏီတစ်ခုက တီထွင်ဖန်တီးလိုက်ကြောင်း သိရပါတယ်။

Moley စက်ရုပ်ကုမ္ပဏီက ဖန်တီးထားတဲ့ အဆိုပါစားဖိုမှူး စက်ရုပ်ကို လာမယ့် ၂၀၁၈ ခုနှစ်မှာ ဝယ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါစက်ရုပ်ဟာ နာမည်ကျော် ဟင်းပွဲနဲ့အစားအသောက် အမျိုးပေါင်း တစ်ရာကျော်ကို ချက်ပြုတ်နိုင်မှာဖြစ်ပြီး ချက်ပြုတ်ပြီးသား အိုးခွက်ပန်းကန်တွေကို သူကိုယ်တိုင် ပြန်လည်သိမ်းဆည်းသန့်ရှင်းမှာ ဖြစ်ပါတယ်။ "ခလုပ်တစ်ချက် နှိပ်ရုံနဲ့ လိုချင်တဲ့ဟင်းပွဲရပြီလေ" လို့ Moley ကုမ္ပဏီ တည်ထောင်သူ အိုလီနစ်က ပြောပါတယ်။

play

 

ဆေးကြောသန့်စင်နိုင်မှု၊ ပါဝင်ပစ္စည်းတွေ ရွေးချယ်နိုင်မှုကို လုပ်နိုင်တဲ့ စွမ်းဆောင်ရည်တွေအပြင် ကယ်လိုရီ ဘယ်လောက်ပါတယ်ဆိုတာကိုပါ တွက်ချက်အဖြေထုတ်ပေးမှာ ဖြစ်ပါတယ်။ လူသားတစ်ယောက်လို စဉ်းစားချက်ပြုတ်နိုင်လောက်အောင် ပြုလုပ်ထားမှာဖြစ်လို့ မထည့်သင့်တဲ့အရာတွေကို ထည့်သွင်းချက်ပြုတ်မှာ မဟုတ်ဘူးလို့ အိုလီနစ်က ပြောပါတယ်။ အထူးခြားဆုံးကတော့ မီးဖိုချောင်ကို စက်ရုပ်က သူကိုယ်တိုင်သန့်ရှင်းရေး လုပ်ပေးမယ်ဆိုတဲ့ စွမ်းဆောင်ရည်ပါပဲ။

Source : Forbes

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD