AD
AD
AD
play

 

ရည်းစားလုဖက်တစ်ယောက်ရဲ့ မနာလိုစိတ်နဲ့ တိုက်ခိုက်မှုကြောင့် ဒါနာဗယ်လင်ဟာ ခန္ဓာကိုယ်ရဲ့ ၆၅ ရာခိုင်နှုန်း မီးလောင်ကျွမ်းသွားခဲ့ပြီး ၁၀ ရက်လောက် သတိမေ့မြောသွားခဲ့ပါတယ်။

play

 

သူမဟာ သုံးနှစ်လုံးလုံး မျက်နှာဖုံးဝတ်လို့ တစ်ကိုယ်လုံးကိုလည်း ဖုံးကွယ်ထားခဲ့ရပါတယ်။

စိတ်ဓာတ်အရမ်းကျခဲ့ရပြီး ဘယ်တော့မှ အရင်လိုလှတော့မှာမဟုတ်တာကို တွေးပြီး ကြောက်ခဲ့ရကြောင်း အသက် ၃၀ နှစ်အရွယ် ဒါနာက ပြောပါတယ်။

play

 

ဒါပေမဲ့ မျက်နှာကို အက်စစ်နဲ့ ပက်ခံခဲ့ရတဲ့ မော်ဒယ်ဟောင်း ကေတီပိုက်ပါရဲ့ အားပေးမှုကြောင့် စိတ်ခွန်အားတွေ ပြန်ရခဲ့တယ်လို့ ဆိုပါတယ်။

အခုတော့ ဒါနာဟာ မျက်နှာဖုံးတွေ၊ ဝတ်စုံတွေ မပါဘဲ အရှိကို အရှိအတိုင်း နေထိုင်နိုင်ပြီဖြစ်ပြီး အရင်ထက်တောင် ကိုယ့်ကိုကိုယ် ပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ ခံစားရကြောင်း ပြောခဲ့ပါတယ်။

play
မီးမလောင်ခင်က ဒါနာ

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ အမျိုးသမီးတစ်ဦးက သူမရဲ့ ခင်ပွန်းဟောင်းနဲ့ ဒါနာတို့ အတူနေနေကြတယ်လို့ သတင်းကြားပြီး သူမရဲ့အိမ်ကို ခိုးဝင်ခဲ့ရာကစလို့ ဒါနာရဲ့ဘဝက တစ်ဆစ်ချိုးပြောင်းလဲခဲ့တာပါ။

ဒါနာကို အရက်ပြန်လောင်းပြီး မီးရှို့ခဲ့တဲ့ နာတာလီဒီမီထရော့စကာဟာ ထောင် ၁၇ နှစ်ကျသွားခဲ့ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD