AD
AD
AD
play

 

ငါရှိနေလို့

မီးဖိုချောင်တွင် အရက်ထိုင်သောက်နေသော ဖခင်နားကို သမီးဖြစ်သူဝင်လာပြီး ပြောသည်။
သမီး - ဖေဖေ ... ပုလင်းလွတ်တွေ ယူသွားမယ်နော် ... ပုလင်းလွတ်တွေရောင်းပြီး ဆန်ဝယ်ချင်လို့။
ဖခင် - ယူသွား ... ယူသွား၊ ဟင်း ... ငါသာမရှိရင် ဒင်းတို့ ဘာနဲ့ထမင်းစားကြမယ် မသိဘူး။

စိတ်အေးအေးထား

သွားဆေးခန်းတွင်ဖြစ်သည်။ လူနာက သွားဆရာဝန်အားပြော၏။
လူနာ - ခင်ဗျား ဘယ်လိုလုလိုက်တာလဲ ... ခင်ဗျားနုတ်ရမှာ တခြားသွားဗျ။
ဆရာဝန် - စိတ်အေးအေးထားစမ်းပါ ... အဲဒီသွားကို တဖြည်းဖြည်း ရောက်လာမှာပေါ့။

စားမှာသာစား

စားသောက်ဆိုင်တွင် လာရောက်စားသောက်သော ဧည့်သည်တစ်ဦးက စားပွဲထိုးအားလှမ်းခေါ်ပြီး ပြောသည်။
ဧည့်သည် - ဟေ့ ... မင်းတို့ယူလာတဲ့ကြက်က ခြေထောက်တစ်ဖက် တိုနေပါ့လား။
စားပွဲထိုး - ဦးလေးက ကြက်ကင်ကိုစားမှာလား ... တွဲကမှာလား။

play

စိတ်ချင်ချင်တာ

ကလေးငယ်က အဖွားဖြစ်သူကိုမေးသည်။
ကလေး - ဖွားဖွား ... ဖွားဖွား ချောကလက်ကြိုက်လားဟင်။
အဖွား - ကြိုက်ပေမဲ့ မစားနိုင်ပါဘူး မြေးရယ် ... ဖွားဖွားမှာ သွားတွေမှမရှိတော့တာပဲ။
ကလေး - ဒါဆို သားရဲချောကလက်ကို ဖွားဖွား ခဏသိမ်းထားပေးနော်။ သား သူငယ်ချင်းတွေနဲ့ သွားဆော့မလို့။

သိထားဖို့ကောင်းတယ်

ဓာတ်ပုံဆိုင်တွင်ဖြစ်သည်။
ဓာတ်ပုံပိုင်ရှင် - ဒီဓာတ်ပုံကို  ကျွန်မမကြိုက်ဘူး။ ကျွန်မပုံက မျောက်ပုံနဲ့တူနေတယ်။
ဓာတ်ပုံဆရာ - ခင်ဗျား အဲဒီအကြောင်းကို ဓာတ်ပုံမရိုက်ခင်ကတည်းက စဉ်းစားခဲ့ဖို့ကောင်းတာ။

စကားပြောဖို့
မိခင် - သားရေ ... မီးဖိုချောင်ထဲက ပန်းကန် လေးငါးချပ်လောက် ယူခဲစမ်းပါ။
သား - ဘာလုပ်မလို့လဲ ... မေမေ။
မိခင် - မင်းအဖေနဲ့ စကားနည်းနည်းပြောစရာရှိလို့။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle

AD