play

 

ရွေးကောက်ပွဲ မဲရလဒ်အရ ဒေါ်နယ်ထရန့် သမ္မတဖြစ်လာခဲ့ပေမဲ့ ဒီရွေးကောက်ပွဲအဖြေကို အားမရဖြစ်သူတွေ၊ လက်မခံနိုင် ဖြစ်သူတွေများစွာ ရှိနေဆဲပါ။ ဒေါ်နယ်ထရန့် သမ္မတဖြစ်ဖို့ သေချာပြီးနောက် နာရီပိုင်းအတွင်းမှာပဲ အမေရိက တစ်ဝန်းမှာ ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဒါကြောင့် လက်ရှိ သမ္မတဖြစ်နေဆဲ အိုဘားမားက ခေတ်သစ်အမေရိကန် သမ္မတတွေထဲမှာ နှစ်သက်စရာအကောင်းဆုံးဆိုတာ သက်သေပြနေတဲ့ အချက်တွေရှိပါတယ်။

၁။ လူမှုဆက်ဆံရေး ကောင်းသူ

play

 

အိုဘားမားဟာ သူ့သက်တမ်းအတွင်း ညစာစားပွဲပေါင်းများစွာလုပ်ပြီး လူမှုဆက်ဆံရေးကောင်းအောင် တည်ဆောက်ခဲ့သူပါ။ အနုပညာလောကရဲ့ ဆယ်လီများစွာဟာ အိုဘားမားနဲ့အတူ ညစာစားပွဲမှာ ဆုံခဲ့ကြရပါတယ်။

၂။ ဆယ်လ်ဖီဝါသနာရှင်

play

 

ဘယ်နေရာရောက်ရောက် မိတ်ဆွေ ဝန်ကြီးချုပ်တွေ၊ သမ္မတတွေနဲ့ ဆယ်လ်ဖီရိုက်ဖို့ ဝါသနာပါသူဖြစ်ပါတယ်။ တစ်ခါက နယ်လ်ဆင်မင်ဒဲလ်လား အသုဘမှ ပျော်ပျော်ရွှင်ရွှင် ဆယ်လ်ဖီရိုက်ခဲ့လို့တောင် ဝေဖန်မှုခံခဲ့ရတဲ့အထိ ဝါသနာကြီးသူပါ။

၃။ လူမှုကွန်ရက် ဝါသနာကြီးသူ

play

 

အိုဘားမားက ခေတ်နဲ့အညီနေထိုင်တတ်သူပါ။ သူ့ရဲ့ တွစ်တာနဲ့ ဖေ့စ်ဘွတ်အကောင့်တွေကလည်း အမြဲ update ဖြစ်နေတတ်ပါတယ်။ အလုပ်အကြောင်းသာမဟုတ်ဘဲ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေကိုလည်း သူက အခြားသူတွေလို ဝေမျှလေ့ရှိပါတယ်။

၎။ ပျော်တတ်သူ

play

 

အိုဘားမားဟာ အရမ်းပျော်တတ်သူ တစ်ဦးအဖြစ် မြင်တွေ့ရလေ့ရှိပါတယ်။ ပွဲလမ်းသဘင် လူကြားထဲမှာ အမြဲတမ်း မိတ်ဆွေတွေနဲ့ ပရိသတ်တွေကို စနောက်တက်သူဖြစ်ပါတယ်။

၅။ ရယ်စရာ အမြဲလုပ်သူ

play

 

ဟာသလုပ်ဖို့လည်း အိုဘားမားက နေရာမရှောင်တတ်ပါဘူး။ ရုပါတည်ကြီးနဲ့ အိမ်ဖြူတော်ထဲမှာ နေကာမျက်မှန်တပ်ပြီး ဇာတ်လမ်းတို ရိုက်ခဲ့ပါသေးတယ်။ နောက်တစ်ခါ ရုပ်သံကလွှင့်တဲ့ ဟီလာရီရဲ့ ဟော်လိုဝင်းပွဲမှာလည်း မျက်နှာဖုံးစွပ်ပြီး တက်ခဲ့ပါသေးတယ်။

၆။ မိန်းမချစ်တတ်သူ

play

 

သူ့မိန်းမကို ဘယ်လောက်ချစ်တယ်ဆိုတာလည်း သာမန်လူတွေလို လူမှုကွန်ရက်ပေါ်မှာ ကြေညာတက်သူပါ။

၇။ အမှားကို ဝန်ခံတတ်သူ

play

 

ဘယ်သမ္မတမှ သူတို့ မူးယစ်ဆေးဝါး သုံးစွဲဖူးတယ်လို့ ဝန်မခံဖူးကြပါဘူး။ ဒါပေမဲ့ အိုဘားမားကတော့ သူဆေးခြောက်သုံးဖူးတယ်ဆိုတာ ဝန်ခံဖူးပါတယ်။

၈။ လူ့အခွင့်အရေး စွမ်းဆောင်ပေးသူ

play

 

အိုဘားမားလက်ထက်မှာပဲ လိင်တူခြင်း လွပ်လပ်စွာ နှစ်သက်ခွင့်၊ လက်ထပ်ခွင့်ကို ဥပေဒပြင်ဆင်ပေးလိုက်ပါတယ်။

Source  : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video