AD
AD
AD
play

 

အင်္ဂလန်နိုင်ငံရှိ Stagecoach East ကုမ္ပဏီက အမျိုးသမီးယာဉ်မောင်း ၇ ဦး၊ မက္ကင်းနစ် ၁ ဦးနဲ့ လက်ထောက်တစ်ဦးတို့ဟာ ဆေးရုံတစ်ခုက ရင်သားကင်ဆာဌာနကို ငွေကြေးထောက်ပံ့ဖို့အတွက် သူတို့ရဲ့ယူနီဖောင်းတွေကို ချွတ်လိုက်ကြပါတယ်။

play

 

မက္ကင်းနစ် ဂျန်မာဟာ ဂွရှင်ကို ပခုံးပေါ်ထမ်းပြီး လိမ္မော်ရောင်ဝတ်စုံကို တင်ပါးပေါ်အထိ ချွတ်ချလို့ အပေါ်ပိုင်းဗလာနဲ့ Miss July အဖြစ် ပါဝင်ထားပါတယ်။

play

 

ဘတ်စ်ကားဒရိုင်ဘာ ဂျူလီက အနီရောင်ထောက်မြင့်မိနပ်ကိုစီးကာ သားမွေးပဝါလေးနဲ့ သူမရဲ့အရှက်ကို ဖုံးကွယ်ရင်း မီးလင်းဖိုဘေးမှာ ကိုယ်လုံးတီးထိုင်လို့ ဓာတ်ပုံ ရိုက်ကူးခဲ့ပါတယ်။

play

 

နောက်ထပ် ဒရိုင်ဘာနှစ်ဦးကလည်း ဘတ်စ်ကားပေါ်မှာ တစ်ဦးက Cosmopolitan  မဂ္ဂဇင်းတစ်စောင်နဲ့ သူမရဲ့ရင်ဘတ်ကို ကွယ်ကာ နောက်တစ်ဦးကလည်း သူမရဲ့အရှက်ကို ကွယ်ဖို့ ကလစ်ဖိုင်တစ်ခုကို ကိုင်ထားပါတယ်။

play

 

"ဒါတွေရိုက်ရတာ တော်တော်လည်း ရယ်ရပါတယ်။ ဒါပေမဲ့ တော်တော်လေးလည်း ကြိုးစားလုပ်ခဲ့ရတယ်" လို့ Miss December အဖြစ် ပါဝင်ထားတဲ့ အသက် ၅၀ အရွယ် ဂျူလီရိုက်ဆာက ရှင်းပြထားပါတယ်။

play

 

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD