play

 

သြစတြေးလျနိုင်ငံ၊ တက်စ်မန်းနီးယားပြည်နယ်က အသက် ၁၂ နှစ်အရွယ် ကမ့်ဘဲလ်ရမ်မက်စ်ဟာ ငယ်ရွယ်သေးပေမဲ့ ကြင်နာမှုကို ဘယ်လိုပြသရမယ်ဆိုတာကို သင်ယူနိုင်ခဲ့သူပါ။

play

 

သူဟာ ဆေးရုံတက်နေရတဲ့ နေမကောင်းတဲ့ကလေးတွေအတွက် ပြီးခဲ့တဲ့ ၃ နှစ်လုံးလုံး ဝက်ဝံရုပ်လေးတွေ ပြုလုပ်ပေးခဲ့ပါတယ်။

play

 

"ခရစ္စမတ်အကြိုနေ့မှာ လမ်းမှာတွေ့တဲ့ သူစိမ်းတွေကို ပန်းပွင့်တွေ လိုက်ပေးပြီးတော့ ဆေးရုံက လူကြီးတွေကို ပန်းပေးပြီး ကလေးတွေကို လက်ဆောင်ပေးလို့ရမလားလို့ မေးလာတယ်" လို့ ကမ်ဘဲလ်ရဲ့မိဘများက ပြောပြခဲ့ပါတယ်။

play

 

"ငွေတွေ အများကြီး ကုန်လိမ့်မယ်လို့ ပြောတော့ သူ့ဘာသာလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ လာမယ့်ခရစ္စမတ်မှာ အရုပ် ၃၆၅ ရုပ်ရဖို့အတွက် တစ်နေ့ကို အရုပ်တစ်ခုလုပ်တယ်" လို့ သူတို့က ဆိုပါတယ်။

play

 

အဲဒီလို ပြုလုပ်နိုင်ဖို့အတွက် လွန်ခဲ့တဲ့ ၃ နှစ်က ၉ နှစ်အရွယ်သာရှိသေးတဲ့ ကမ်ဘဲလ်ဟာ စက်ချုပ်နည်း သင်ယူခဲ့ပါတယ်။

သူ့ရဲ့အပ်ချုပ်စက်နဲ့ တစ်နေ့ကို ဝက်ဝံရုပ်တစ်ရုပ်ပြုလုပ်ကာ ဝက်ဝံတိုင်းကို နာမည်ပေးပါတယ်။ အဲဒီနောက် ဆေးရုံတွေသွားပြီး နေမကောင်းတဲ့ ကလေးတွေကို ဝက်ဝံရုပ်လေးတွေ ပေးခဲ့ပါတယ်။

play

 

ကင်ဆာရောဂါဖြစ်နေတဲ့ သူ့ရဲ့ဖခင် နက်သန်အတွက်လည်း ကမ်ဘဲလ်က ဝက်ဝံရုပ်တစ်ရုပ် ပြုလုပ်ပေးခဲ့ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video