AD
AD
AD
play

 

၁ - စိတ်ကူးတြိဂံ

play

 

ပုံမှာပြထားတဲ့အတိုင်း တစ်ဖက်လူရဲ့မျက်လုံးနှစ်ဖက်နဲ့ နှာခေါင်းတွေကို စိတ်ကူးထဲကနေ တြိဂံပုံဆွဲလိုက်ပါ။ မျက်လုံးချင်းဆုံ စကားပြောနေချိန်မှာ သင့်အကြည့်ကို တြိဂံအတိုင်းပြောင်းပေးပါ။ တစ်ဖက်လူက သူပြောတဲ့စကားအပေါ် စိတ်ဝင်စားမှုရှိတယ်လို့ ခံစားရပါတယ်။

၂ - မျက်နှာ

play

 

မျက်လုံးချင်း ဆုံမကြည့်ချင်တဲ့အခါ သူ့မျက်လုံးနားက တစ်စုံတစ်ရာကို ကြည့်နေလို့လည်း ရပါတယ်။ မျက်လုံးနှစ်လုံးရဲ့အလယ်က ဆုံမှတ်ကို ကြည့်နေရင်လည်း အဆင်ပြေပါတယ်။

၃ - မျက်လုံး

play

 

တစ်ဖက်လူရဲ့ မျက်လုံးနှစ်လုံးစလုံးကို ပြိုင်ကြည့်လို့မရပါဘူး။ စကားပြောနေတဲ့အခါ တစ်ဖက်လူရဲ့ ဘယ်ဘက်မျက်လုံးနဲ့ ညာဘက်မျက်လုံးကို အပြောင်းအလဲလုပ်ပြီး ကြည့်ပေးတာဟာ အသုံးဝင်ပါတယ်။ ပြောနေတဲ့စကားတွေကို သင်စိတ်ပါဝင်စားစွာ နားထောင်နေတယ်ဆိုတဲ့ ခံစားမှုကို တစ်ဖက်လူမှာ ဖြစ်သွားစေပါတယ်။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD