AD
AD
AD
play

 

လိုအပ်ချက်မတူညီခြင်း၊ နေရာမလုံလောက်ခြင်းနဲ့ ကုန်ကျစရိတ်များခြင်းတို့ကြောင့် စုံတွဲတွေကို အတူထားဖို့ဆိုတာ ဘိုးဘွားရိပ်သာတွေအတွက် ခက်ခဲလှပါတယ်။

play

 

ဆယ်စုနှစ်ပေါင်းများစွာ အတူပေါင်းသင်းနေထိုင်ခဲ့တဲ့ စုံတွဲတွေဟာ အသက်ကြီးလာချိန်မှာ ဘိုးဘွားရိပ်သာတစ်ခုဆီမှာ နေရတာ ဒါမှမဟုတ် တစ်ဦးက ဘိုးဘွားရိပ်သာ၊ တစ်ဦးက အိမ်မှာနေရတာနဲ့ ဘဝကို အဆုံးသတ်ရလေ့ရှိပါတယ်။

နှစ်ဦးစလုံး ဘိုးဘွားရိပ်သာတစ်ခုထဲမှာ အတူနေရရင်တောင် တစ်ခန်းဆီခွဲပြီး နေကြရတာပါ။

play

 

Sunrise Senior Living ဘိုးဘွားရိပ်သာက တခြားသူတွေနဲ့မတူအောင် ပြုလုပ်ဖို့ကြိုးစားခဲ့ပါတယ်။ ယူကေတစ်ဝန်းလုံးမှာ ရိပ်သာတွေ ဖွင့်ပြီး စုံတွဲဘိုးဘွားတွေအတွက် ကိုယ်ပိုင်မီးဖိုချောင်၊ ကိုယ်ပိုင်ဧည့်ခန်း၊ ကိုယ်ပိုင် အိပ်ခန်းနဲ့ အဆင်ပြေပြေနေနိုင်အောင် ပြုလုပ်ပေးဖို့ ကြိုးစားနေပါတယ်။

"ဆယ်စုနှစ်ပေါင်းများစွာ အတူနေလာခဲ့တဲ့ စုံတွဲတွေကို နောက်ဆုံးအချိန်ကျမှ ခွဲထားတယ်ဆိုတာ ရင်ကွဲဖို့ ကောင်းပါတယ်" လို့ carehome.co.uk ရဲ့ ဒါရိုက်တာ ဒူဗင်နာလော့လိုက ဆိုခဲ့ပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD