AD
AD
AD
play

 

ဘာဘီရုပ်နဲ့ တူအောင် အကြိမ်ကြိမ် ခွဲစိတ်ြပုပြင်ရင်း ဒေါ်လာ ၁၂၅,၀၀၀ သုံးခဲ့တဲ့ မိခင်ဟာ သူမရဲ့သမီးကိုလည်း ရင်သားခွဲစိတ်ပြုပြင်ပေးဖို့ ဒေါ်လာ ၂၅,၀၀၀ စုထားတယ်လို့ ဆိုပါတယ်။

play

 

ကာရီမိုင်းစ်ဆိုတဲ့ အမျိုးသမီးဟာ သက်ရှိ ဘာဘီရုပ်တစ်ရုပ်ပုံစံဖြစ်ဖို့ ပြောင်းလဲရင်း တစ်ဘဝလုံး ခွဲစိတ်ပြုပြင်လာခဲ့ရာ အခုတော့ အသက်မပြည့်သေးတဲ့ သမီးကို ခွဲစိတ်ပေးဖို့ အာရုံရောက်နေပါတယ်။

ဒါပေမဲ့ အသက် ၁၂ နှစ်အရွယ် သမီးလေးဟာ ယောက်ျားလေးစိတ်ပေါက်နေသူဖြစ်လို့ လုံးဝစိတ်မဝင်စားပါဘူး။

play

 

"ဘက်သန်နီက သူဘယ်တော့မှ မလုပ်ဘူးလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မ ငယ်ငယ်တုန်းကလည်း ဒီလိုပဲ ပြောခဲ့တာပဲလေ။ ဘယ်တော့မှဆိုတဲ့စကားကို ဘယ်တော့မှ မပြောရဘူး" လို့ သူမကတော့ လက်မလျှော့တဲ့စကားကို ဆိုပါတယ်။

"သူ စိတ်ပြောင်းလဲလို ပြောင်းလဲငြား သူ့အတွက် ပိုက်ဆံဆုထားတယ်။ သူ ရင်သားပြုပြင်ချင်လား၊ နှုတ်ခမ်းပြုပြင်ချင်လား၊ ကြိုက်တာလုပ်။ အဲဒီအတွက် ကျွန်မ ပိုက်ဆံပေးမယ်" လို့ ကာရီက ပြောပါတယ်။

play

 

ဗြိတိန်သူ ကာရီဟာ လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက ခွဲစိတ်ပြုပြင်မှုကို စတင်ခဲ့တာဖြစ်ပြီး ထပ်ပြီးတော့လည်း ပြုပြင်ဖို့ စဉ်းစားနေဆဲပါပဲ။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle

AD