play

 

သမီးဖြစ်သူရဲ့ အင်စတာဂရမ်က ဆယ်ဖီဓာတ်ပုံတွေအတိုင်း လိုက်လုပ်တဲ့ ဖခင်ကြောင့် သမီးဖြစ်သူ ရှက်ခဲ့ရပြီးတဲ့နောက် အခုသတင်းကမှ သူမအတွက် တကယ်ပဲ ရှက်စရာပါ။ ဖခင်က အင်စတာဂရမ်မှာ သူမထက် နာမည်ကြီးသွားပြီး သူမထက် Follower နှစ်ဆဖြစ်သွားပါတယ်။

play

 

ခရစ္စဘားဟာ သူ့သမီးရဲ့ ဆက်စီဆယ်လ်ဖီတွေကို လိုက်လံတုပလုပ်ဆောင်လိုက်ပြီးနောက် သူ့ရဲ့ Follower ၄၉ ဦးကို ရယ်မောစေခဲ့ပါတယ်။

play

 

ဒါပေမဲ့ အသက် ၄၈ နှစ်အရွယ် အမျိုးသားကြီးရဲ့ ပုံတွေဟာ ရယ်စရာကောင်းလွန်းလှတဲ့အတွက် Follower ၃၁,၀၀၀ ရှိတဲ့ သမီးထက် ပိုနာမည်ကြီးကာ အခုဆိုရင် သူ့ရဲ့ Follower က ၅၃,၀၀၀ တောင် ရှိသွားခဲ့ပါပြီ။

play

 

"သမီးရဲ့ ဆယ်ဖီပုံတွေက မေလတုန်းက တွေ့လိုက်တာ။ ကျွန်တော်က ဖေ့စ်ဘွတ်ခ်ကိုတောင် သိပ်နားမလည်သေးတဲ့အချိန်မှာ သူက အင်စတာဂရမ်သုံးနေတာတောင် ကြာနေပြီ" လို့ ခရစ္စက ဆိုပါတယ်။

"ဒီလောက်အထိ တုံ့ပြန်မှုများလိမ့်မယ်လို့ မထင်ခဲ့ဘူး" လို့ သူက Follower များလာတဲ့အတွက် အံ့သြတကြီးဆိုပါတယ်။

play

 

"ကျွန်မပုံစံ ဘယ်လိုဖြစ်နေတယ်ဆိုတာကို အဖေက ပြချင်တာ။ ကျွန်မ ဖော်တာတွေ လွန်တယ်လို့ သူက သက်သေပြချင်ခဲ့တာပါ" လို့ သမီးဖြစ်သူ အသက် ၂၀ အရွယ် ကေစီက ပြောပါတယ်။

"အခုတော့ ဒီလောက်အချိန်တိုလေးအတွင်းမှာ သူက ကျွန်မရဲ့ Follower အရေအတွက်ထက် နှစ်ဆတက်သွားတာ တကယ့်ကို အံ့သြစရာပါပဲ" လို့ သူမက ဆိုခဲ့ပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video