play

 

အသက် ၁၁ နှစ်အရွယ်ကတည်းက မိန်းကလေးတစ်ယောက်လို စတင်ဝတ်စားခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် တန်ညာဂရစ်ဖစ်က သူမဟာ ခန္ဓာကိုယ် မှားယွင်းပြီး မွေးဖွားလာတယ်လို့ ဆိုပါတယ်။

play

 

အသက် ၂၁ နှစ်အရွယ်မှာ ခွဲစိတ်ပြုပြင်ခဲ့တဲ့ သူမဟာ သောမတ်စ်ဆိုတဲ့ အမည်နဲ့ ယောက်ျားလေးတစ်ယောက် ဖြစ်ခဲ့ဖူးကြောင်းကို ချစ်သူတွေကို ပြောပြဖို့ မလိုဘူးလို့ ထင်ကြောင်း ပြောပါတယ်။

"ကျွန်မ ပွင့်လင်းဖို့ လိုတယ်လို့ တချို့လူတွေကထင်တယ်။ ရည်းစားတွေကို အမှန်အတိုင်းပြောဖို့ ပြောကြတယ်။ ဒါပေမဲ့ ကျွန်မကတော့ မလိုအပ်ဘူးလို့ ထင်တယ်။ ဘာမှလည်း မဆက်စပ်ဘူး။ ကျွန်မက မိန်းကလေးပဲ။ ကျွန်မစိတ်က အမြဲတမ်း မိန်းကလေးပဲ။ ကျွန်မ ကလေးမရနိုင်တာတစ်ခုပဲ ရှိတယ်" လို့ သူမက ဆိုပါတယ်။

play
ငါးနှစ်အရွယ်တုန်းက အစ်မနှစ်ယောက်နဲ့အတူ

အင်္ဂလန်နိုင်ငံ၊ ဒါဟမ်ကောင်တီမှာ နေထိုင်တဲ့ တန်ညာဟာ ခွဲစိတ်ပြုပြင်ပြီးနောက်ပိုင်းမှာ မလိုမုန်းထားမှုတွေကိုလည်း ခံရပါတယ်။

ဒါပေမဲ့ ကိုယ်မလိုချင်တဲ့ မှားယွင်းတဲ့ ခန္ဓာကိုယ်ထဲမှာ ပိတ်မိသလိုခံစားနေရတဲ့ တခြားသူတွေကိုလည်း သူမလိုလုပ်ဖို့ တန်ညာက အားပေးခဲ့ပါတယ်။

play

 

"လိင်မှားယွင်းပြီး မွေးဖွားခဲ့တဲ့တာ ကျွန်မအတွက် အဓိကပြဿနာကြီး မဟုတ်ဘူး။ ကျွန်မ အစစ်အမှန်ကို တွယ်ဖက်ထားထားဖို့ ကျွန်မမှာ အမြဲယုံကြည်မှုရှိတယ်။ ငယ်ငယ်ကတည်းက မိန်းကလေးတစ်ယောက်လိုပဲ နေနိုင်ခဲ့တယ်" လို့ တန်ညာက ပြောပြခဲ့ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video