AD
AD
AD
play
မှန်တွေနဲ့ ပြည့်နေတဲ့ ခန်းမကို ၂၀၀၅ ခုနှစ်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံ ဖြစ်ပါတယ်

လာမယ့် ဇန်နဝါရီလမှာ အမေရိကန်ရဲ့ ၄၅ ယောက်မြောက် သမ္မတအဖြစ် စတင်တာဝန်ယူတော့မယ့် သူဌေးကြီးဒေါ်နယ်ထရန့်ဟာ နယူးယော့ခ်မြို့က တန်ဖိုးကြီးမိုးမျှော်တိုက်ခန်းမှာနေထိုင်သူဖြစ်ပါတယ်။

play
ထရမ့်နေထိုင်ရာ ရုံးခန်း

 

နယူယော့ခ်မြို့သား ဒေါ်နယ်ထရန့်ဟာ ဒီနေရာကို ၁၉၈၃ ခုနှစ်ကတည်းက စတင်ပြောင်းရွှေ့နေထိုင်ခဲ့တာဖြစ်ပြီး သူပိုင်ဆိုင်တဲ့ မိုးမျှော်တိုက်ခန်းကို နန်းတော်တမျှ ခမ်းနားအောင်ပြင်ဆင်ထားသူဖြစ်ပါတယ်။ ထရမ့်တာဝါလို့ အမည်ပေးထားတဲ့ အဲဒီမိုးမျှော်တိုက်ရဲ့ အပေါ်ဆုံး အထပ်တွေမှာ ဒေါ်နယ်ထရမ့်၊ ဇနီးသည် မီလာနီယာနဲ့ ၁၀ နှစ်အရွယ် သားဖြစ်သူတို့ နေထိုင်ကြပါတယ်။ မိုးမျှော်အိမ်ရာ အတွင်းထဲမှာတော့  ကြမ်းပြင်နဲ့ နံရံတွေကို စကျင်ကျောက်တွေ အသုံးပြုကာ တည်ဆောက်ထားပြီး အိမ်အတွင်းထဲမှာရှိတဲ့ ပန်းပုရုပ်၊ တံခါး၊ မီးချောင်း၊ စတဲ့အရာ အများစုကတော့ ရွှေသားတွေအသုံးပြုကာ ပြုလုပ်ထားကြောင်း သိရပါတယ်။

play
စကျင်ကျောက်နဲ့ လုပ်ထားတဲ့ အလှရေပန်းလည်း ရှိပါတယ်

 

ထရန့်ရဲ့ အိမ်ကို ဧည့်သည်အဖြစ်ရောက်သွားသူတွေဟာ မိုးမျှော်တိုက်ခန်းဆီကို မရောက်ခင် ကြီးမားပြီး ရွှေကွပ်ကာ စိတ်တွေ မြှုပ်နှံထားတဲ့ တံခါးနှစ်ချပ်ကို အရင်တွေ့ရမှာ ဖြစ်ပါတယ်။ သူ့ရဲ့မိုးမျှော်တိုက်ခန်းဟာ ကာလပေါက်ဈေးနဲ့ဆိုရင် အနည်းဆုံး ကန်ဒေါ်လာ သန်း ၁၀၀ လောက်တန်ကြေးရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

play
မိသားစု ဓာတ်ပုံများ

 

အဆိုပါ တာဝါဟာ ဒေါ်နယ်ထရန့် သမ္မတလောင်းအဖြစ် ဝင်ပြိုင်ဖို့ စတင်ကြေညာစဉ်ကစလို့ သူ့ရဲ့ရုံးချုပ်အဖြစ် အသုံးပြုခဲ့ရာနေရာလည်း ဖြစ်ပါတယ်။ ဓာတ်ပုံတွေထဲမှာ အိမ်ထဲမှာ ရွှေရောင်အနားကွပ်စားပွဲတွေ၊ ထိုင်ခုံတွေပေါ်က မိသားစုဓာတ်ပုံတွေကိုလည်းတွေ့ရပါတယ်။ထရမ့်ဟာ သူ့ရဲ့အိမ်ခန်းကို ပြင်သစ်နိုင်ငံက ဗာဆိုင်းနန်းတော်ရဲ့ အပြင်အဆင်တွေကို ကိုးကားအတုယူပြီး ခမ်းနားအောင် တည်ဆောက်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ှSource : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD