AD
AD
AD

အဖြူနဲ့အနက်ရောင်ဆိုတာ ပင်ဂွင်းတွေရဲ့ အရောင်ပါ။ ဒါပေမဲ့ ထူးထူးခြားခြားအနေနဲ့ ဖော့လ်လန်းကျွန်းစုထဲက ပင်ဂွင်းမလေးတစ်ကောင်ကတော့ အဖြူရောင်သမ်းတဲ့အရောင်ကို ပိုင်ဆိုင်ထားပါတယ်။ ဒါက ဂျန်တူးမျိုးနွယ်ပင်ဂွင်း အမလေးပါ။ ဝက်ဒဲလ်ကျွန်းမှာရှိတဲ့ ပင်ဂွင်းတွေထဲမှာ အထူးခြားဆုံးပင်ဂွင်းလေးလည်းဖြစ်ပါတယ်။

play

 

မီးခိုးရောင်နဲ့ရွှေဝါရောင် ပေါင်းစပ်ထားတဲ့အရောင်က သူ့ကို ပိုပြီးထူးခြားစေတာ မှန်ပေမဲ့ ကြာကြာအသက်ရှည်ဖို့တော့ မလွယ်ပါဘူး။ ဒီလိုထင်ရှားတဲ့အရောင်ကြောင့် သူ့ကို သားရဲတွေက ပိုပြီးသတိထားမိတတ်ကြလို့ပါပဲ။ အယ်လ်ဘီနိုလို့ခေါ်တဲ့ တစ်ကိုယ်လုံးဖြူဆွတ်နေမှုဟာ လူတွေမှာ ဖြစ်တတ်ပြီး ဒီပင်ဂွင်းလေးကတော့ လူစီယမ်လို့ခေါ်တဲ့ သာမာန်အရောင်မဟုတ်တဲ့ဖြစ်စဉ် ဖြစ်ပွားနေတာဖြစ်ပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD