AD
AD
AD
play

 

ပရင့်ဆက်စ် ကလီယိုပက်ထရာစူပါချေးလ်လို့ အမည်ပေးထားတဲ့ ခွေးမလေးရဲ့သခင်ဟာ သူ့ကို မြန်မာကျပ်ငွေ ၂၄ သိန်းတန် တွန်းလှည်းထဲ ထည့်ပြီး တွန်းသွားလေ့ ရှိကာ ၃ နှစ်အတွင်း သူ့အတွက် သုံးခဲ့တဲ့ငွေက မြန်မာငွေကျပ် သိန်း ၂၅၀ ကျော်ရှိပါတယ်။

play

 

လီဗာပူးမှာနေထိုင်တဲ့ အားကစားလေ့ကျင့်ရေးဆရာ အန်သိုနီဝေါ့ရှ်ဟာ ပရင့်ဆက်စ် ကလီယိုပက်ထရာစူပါချေးလ်ကို လွန်ခဲ့တဲ့ ၁၈ လက ကယ်တင်မွေးစားခဲ့တာ ဖြစ်ပြီး သမီးလေးတစ်ယောက်လို သဘောထားခဲ့တယ်လို့ ဆိုပါတယ်။

ဝေါ့ရှ်ဟာ တစ်ကိုယ်တည်းသမားဖြစ်ပြီး ကလေးလည်းမရှိတဲ့အတွက် ၅ နှစ်အရွယ် ခွေးလေးကို အကောင်းဆုံးတွေချည်း ဆင်မြန်းပေးထားတာ ဖြစ်ပါတယ်.

play

 

"သူ့အတွက် ပစ္စည်းအားလုံးကို သေတ္တာတွေနဲ့ သိမ်းထားရတယ်။ များလွန်းလို့ တစ်ခါမှ မဖွင့်ရသေးတာတွေလည်း ရှိတယ်" လို့ ဝေါ့ရှ်က ဆိုပါတယ်။

play

 

"ကလီယိုက ထူးခြားတဲ့ခွေးလေးပါ။ သူ့မှာ လိုအပ်တာ ဘာမှမရှိဘူး" လို့ သူ့ရဲ့ခွေးလေးကို ချီးမွမ်းပြောဆိုပါတယ်။

"သူက ကျွန်တော့်သမီးပါ။ လုံးဝပြည့်စုံကောင်းမွန်တဲ့ သမီးလေး" လို့ ဝေါ့ရှ်က ဆိုပါတယ်။

play

 

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD