AD
AD
AD
play

 

အစ္စရေးရှေ့နေ အမျိုးသမီးငယ်တစ်ဦးဟာ သူမရဲ့ အင်စတာဂရမ် အကောင့်ပေါ်က ဆက်စီကျတဲ့ ဓာတ်ပုံတွေကြောင့် လူမှုကွန်ရက်မှာ နာမည်ကျော်လာပါတယ်။

play

 

ယာဒန်ဟာဟမ်လို့ခေါ်တဲ့ သူမဟာ တဲလ်အဲဗစ်မြို့မှာ နေထိုင်သူဖြစ်ပြီး သူမရဲ့ အင်စတာဂရမ် လူမှုကွန်ရက်အကောင့်က Follower တစ်သိန်နှစ်သောင်းကျော်ရှိပါတယ်။ ရှေ့နေဖြစ်တဲ့အပြင် လှပတဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ် အချိုးအစားကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ဟာဟမ်ဟာ လူမှုကွန်ရက်ပေါ်မှာတင် လက်ထပ်ခွင့် တောင်းခံရတဲ့ အကြိမ်ရေ မနည်းတော့ပါဘူး။

play

play

 

သူမက အင်စတာဂရမ်အကောင့်ကိုတော့ Jorden90 ဆိုတဲ့အမည်နဲ့ သုံးစွဲတာဖြစ်ပြီး ကမ်းခြေက ဘီကီနီဝတ်စုံနဲ့ အလှဓာတ်ပုံတွေကိုလည်း တင်ရတာ နှစ်သက်သူဖြစ်ပါတယ်။ သူငယ်ချင်းရဲ့ မင်္ဂလာဆောင်ကို သွားခါနီး ဇိမ်ခံကားပေါ်မှာ ရိုက်ထားတဲ့ ဓာတ်ပုံကလည်း သူမရဲ့ ပရိသတ်တွေ အကြိုက်တွေ့ကြတဲ့ ဓာတ်ပုံဖြစ်ပါတယ်။

play

 

သူမကို သဘောကျသူ အမျိုးသားအချို့ကတော့ ဒီလိုရှေ့နေထံမှာ အမှုရှုံးပြီး အဖမ်းခံချင်တယ်လို့ နောက်ပြောင်ထားကြပါတယ်။

play

 

သူမရဲ့ ရှေ့နေအလုပ်ရုံးခန်းကို ဘယ်မှာဖွင့်ထားလဲလို့ မေးမြန်းကြသူတွေရှိသလို ဆက်သွယ်ဖို့ ကြိုးစားနေသူတွေလည်း များစွာရှိပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD