AD
AD
AD
play

 

၁ - အချိန်ဆွဲတယ်

အချိန်ဆွဲတာကြောင့် လုပ်ရမယ့် အလုပ်တွေ ပုံလာတယ်၊ အာရုံစိုက်ရမှာတွေ များလာတယ်၊ စသဖြင့် လွယ်လွယ်ကူကူကိစ္စတွေဟာ ရှုပ်ထွေးလာပါတယ်။

၂ - စိုးရိမ်တယ်

စိုးရိမ်မှုဟာ ဘဝကို ရှုပ်ထွေးစေတဲ့ ကိစ္စတွေထဲမှာ ထိပ်ဆုံးက ဖြစ်ပါတယ်။ စိုးရိမ်သင့်တာကိုပဲ စိုးရိမ်ပါ။

play

 

၃ - စောင့်တယ်

ဒီ့ထက်ကောင်းတဲ့အချိန်၊ ဒီ့ထက်ကောင်းတဲ့အခြေအနေ၊ ဒီ့ထက်ကောင်းတဲ့အလုပ် စသဖြင့် လက်ရှိအခြေအနေကို အာရုံမစိုက်ဘဲ စောင့်နေတာတွေကြောင့် လုပ်ရတာ ပိုရှုပ်ထွေးပြီး ပိုပင်ပန်းတတ်ပါတယ်။

၎ - ပိုလုပ်တယ်

အမြဲတမ်း လုပ်နေတာက မကောင်းပါဘူး။ နားသင့်တဲ့ အချိန်တွေမှာ နားပြီး လုပ်သင့်တဲ့အချိန်မှာ လုပ်ရမှာပါ။ အမြဲတမ်း သင် ဒီလိုလုပ်မနေနိုင်ပါဘူး။

play

 

၅ - တခြားလူကို ကြည့်တယ်

လုပ်စရာရှိတာကို တစ်ယောက်တည်း မလုပ်ရဲဘဲ တခြားလူကို စောင့်ကြည့်နေတာပါ။ သင့်ဘဝမှာ တခြားလူတွေရဲ့ လွှမ်းမိုးမှုတွေများလာပြီး ရှုပ်ထွေးလာပါတယ်။

၆ - အလုပ်မတွင်ဘူး

လုပ်တော့လုပ်နေပေမဲ့ အလုပ်မတွင်တာပါ။ ဒီအကျင့်ဟာ သင့်ရဲ့ပုံမှန်နေ့စဉ် ဘဝကို တိုက်စားလာပြီး ရှုပ်ထွေးလာပါတယ်။

play

 

၇ - ထိန်းချုပ်တယ်

သင့်ရှိတဲ့ သြဇာအာဏာ အခြေအနေထက် လူတွေ၊ ပတ်ဝန်းကျင်တွေကို ထိန်းချုပ်ချင်တာပါ။ ဒီအကျင့်ကလည်း ဘဝကို ရှုပ်ထွေးစေပါတယ်။

၈ - ဇာတ်ရှုပ်

ဇာတ်လမ်းရှုပ်တတ်တဲ့ လူတွေနဲ့ ပတ်သက်မိနေတာကြောင့် သင်လည်း အမြဲတမ်း ဇာတ်ရှုပ်ထဲ ရောက်နေတာပါ။

play

 

၉ - ဆုပ်ကိုင်ထားတယ်

လွှတ်ချရမယ့် အရာတွေကို မလွှတ်ချဘဲ ဆုပ်ကိုင်ထားတာပါ။ ဆုပ်ကိုင်ထားတဲ့ ဒီအရာတွေက သင့်ဘဝကို ရှုပ်ထွေးစေပါတယ်။

Photos & Source: Elite Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD