play

 

အသက် ၃၂ နှစ်အရွယ် ဒန်နီလက်ဗီဟာ အလွန်ကြံ့ခိုင်သန်စွမ်းလှတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေးဘလော့ဂါတစ်ယောက်လည်း ဖြစ်ပါတယ်။

ဆက်စီဓာတ်ပုံတွေနဲ့ နာမည်ကြီးလှတဲ့ သူမဟာ ချစ်သူရှာမတွေ့မှာတော့ ကြောက်တယ်လို့ ဆိုပါတယ်။

play

 

"ကျွန်မအသက် ၂၀ ကျော်အရွယ်မှာ လူရွေးမှားခဲ့တယ်။ ၂၂ နှစ်အရွယ်မှာတွေ့ပြီး ၂၆ နှစ်မှာ လက်ထပ်ခဲ့တယ်။ ပြီးတော့ ၂၈ နှစ်မှာ ကွဲတယ်။ အထီးကျန်ဆန်တဲ့ အဘွားကြီးဖြစ်သွားမှာကို တွေးပြီး ကြောက်မိတယ်" လို့ သူမက ဆိုပါတယ်။

အမျိုးသားများစွာနဲ့ တွေ့ဆုံရပေမဲ့ သူတို့ကြည့်ရတာ သူမနဲ့ အဆင်ပြေမယ့်ပုံမပေါ်ဘူးလို့ ဆိုပါတယ်။

play

 

"လူငယ်တွေကျတော့ ကျွန်မကို ဆက်စီကျတဲ့ အမျိုးသမီးကြီးတစ်ဦးလို မြင်ကြတယ်။ တည်ငြိမ်ရင့်ကျက်တဲ့ အရွယ်တွေကျတော့လည်း လက်ထပ်ပြီးသား ဒါမှမဟုတ် မိသားစုရှိပြီးသား ဖြစ်နေပြန်ရော" လို့ သူမက ဆိုပါတယ်။

"ကျွန်မ ကလေးတွေတော့လိုချင်တယ်။ ဒါပေမဲ့ အသက်ကြီးကြီးအမေတော့ မဖြစ်ချင်ဘူး" လို့ သူမရဲ့ စိတ်ကူးထဲက မိသားစုဘဝကို ပြောပြခဲ့ပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video