AD
AD
AD

 

၁။ သင့်ခြေထောက်နားမှာ ပွတ်သပ်နေရင် သင့်ကိုသဘောကျတယ်လို့ ဆိုလိုတာပါပဲ။

၂။ တစ်ခါတစ်လေဆိုရင် ကြောင်တွေဆီက ဟောက်သံလိုလို လည်ချောင်းသံသဲ့သဲ့ ကြားဖူးမှာပါ။ သူတို့ သဘောကျတဲ့အခြေအနေမျိုးမှာဆိုရင် အဲ့လိုအသံ ထွက်လာတတ်ပါတယ်။ ရံဖန်ရံခါမှာတော့ နာလို့ထွက်တာမျိုးလည်း ရှိပါတယ်။

play

 

၃။ ကြောင်တွေဟာ လူတွေရဲ့အချစ်ကိုခံချင်တဲ့အခါ ခေါင်းဝှေ့တတ်ပါတယ်။ သူ့ကို သတိမထားဘဲနေရင်လည်း ခေါင်းနဲ့ဝင်တိုးပြီး သူ့ကိုဂရုစိုက်စေလိုကြောင်း ပြသကြပါတယ်။

၎။ နှိပ်ပေးတယ်ဆိုရင်တော့ သင့်ကို တော်တော်သဘောကျလို့ပါပဲ။

၎။ သူတို့ သဘောကျတဲ့လူရဲ့ လက်ပေါ်မှာလည်း ဇိမ်ကျကျ အိပ်တတ်ကြပါတယ်။

play

၅။ အမြီးလေးမြောက်ပြီး ဝှေ့ယမ်းပြရင်တော့ သင့်ကိုနှုတ်ဆက်တာပါ။

၆။ တစ်ခါတစ်ရံမှာ သူတို့ဖမ်းထားလို့ သေနေတဲ့အကောင်လေးတွေကို သင့်ထံယူလာပြလေ့ရှိပါတယ်။ ကြွက်သေ၊ အိမ်မြောင်အသေလိုမျိုးပေါ့။ ကိုယ့်အတွက် စိတ်ပျက်စရာဖြစ်ပေမဲ့ သူတို့ကတော့ သူတို့ချစ်တဲ့လူထံကိုသာ သယ်လာပေးကြတာပါ။

ှSource : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
People's Pick
More From

Lifestyle


AD