AD
AD
AD
play

 

လွန်ခဲ့တဲ့ ၅ နှစ်က လုပ်ငန်းပိတ်သိမ်းခဲ့ရချိန်မှာ လင်ဆေးပိုက်ပါဟာ စိတ်ညစ်စရာနဲ့ ကြုံတွေ့တဲ့တခြားသူတွေ မလုပ်တဲ့အရာကို လုပ်ခဲ့ပါတယ်။ အဲဒါကတော့ Gym ကိုသွားခြင်းပါပဲ။

ဒါပေမဲ့ ယူကေရှိ South Wales ဒေသမှာ နေထိုင်တဲ့ အသက် ၃၉ နှစ်အရွယ် လင်ဆေးဟာ ဘီကီနီချန်ပီယံတစ်ဦးဖြစ်လာမယ်လို့တော့ မျှော်လင့်မထားခဲ့ပါဘူး။

play

 

ကလေးအဝတ်အထည်ဆိုင်ပိုင်ဆိုင်တဲ့သူမဟာ အကြွေးတွေကြောင့် သူမရဲ့လုပ်ငန်း ပျက်စီးသွားခဲ့ရပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် Gym ကိုသွားခဲ့ပြီး ၅၆ ပေါင် ချနိုင်ခဲ့တာ ကိုယ်ကာယအလှမယ်ပြိုင်ပွဲ ဝင်နိုင်ခဲ့ရုံသာမက ဆုတစ်ဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

"ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကမှ Gym ကို စသွားဖူးတာပါ။ ၁၇၅ ပေါင်ရှိတဲ့အတွက် ဝိတ်နည်းနည်းချချင်ရုံပါ။ နည်းပြနဲ့ တစ်ပတ်ကို သုံးကြိမ် ခန္ဓာကိုယ်ကြံ့ခိုင်စေမယ့် လေ့ကျင့်ခန်းတွေ စလုပ်တယ်။ ဝိတ်က စကျလာပြီး မတ်လမှာတော့ သူက ကျွန်မကို ပြိုင်ပွဲဝင်နိုင်တယ်လို့ ပြောတာပါပဲ" လို့ လင်ဆေးက ဆိုပါတယ်။

play

 

ယင်းပြိုင်ပွဲဟာ အပျော်တမ်း ဘီကီနီဝတ်ပြိုင်ပွဲဖြစ်ပြီး လင်ဆေးဟာ နောက်နှစ်မှာ အကြီးတန်းပွဲမျာ ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD