AD
AD
AD
play

 

1 - Polare

နယ်သာလန်နိုင်ငံ Maastricht မြို့က စာအုပ်ဆိုင်ဖြစ်ပါတယ်။ ၁၃ ရာစုက ဒိုမီနီကန် ဘုရားကျောင်းကြီးကို စာအုပ်ဆိုင်အဖြစ် ပြောင်းထားတာ ဖြစ်ပါတယ်။

2 - El Ateneo (အာဂျစ်တီးနား)

play

 

1919 ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး အခုချိန်ထိ မူရင်းလက်ရာအတိုင်း ထိန်းသိမ်းထားပါတယ်။

3 - Libreria Acqua Alta (အီတလီ)

play

 

အီတလီနိုင်ငံ ဗင်းနစ်မြို့က ဒီစာအုပ်ဆိုင်ဟာ ဖွင့်တာမကြာသေးပေမဲ့ ကမ္ဘာမှာ နာမည်ရလာပါတယ်။ ထူးခြားတဲ့ ဆိုင်အပြင်အဆင်ကြောင့်တင်မကဘဲ ရှားပါးစာအုပ်တွေလည်း စုံလင်ပါတယ်။

4 - El Péndulo (မက္ကဆီကို)

play

 

ပူပြင်းတဲ့ မက္ကဆီကို ရာသီဥတုကိုရှောင်ရင်း အေးအေးဆေးဆေး ဖတ်လို့ရမယ့် စာအုပ်ဆိုင်ပါ။

5 - Corso Como (အီတလီ)

play

 

ဖက်ရှင်မှာ နာမည်ကြီးတဲ့ အီတလီနိုင်ငံ မီလန်မြို့က စာအုပ်ဆိုင်ပါ။ ဖက်ရှင်ဆိုင်ကြီးတစ်ခုလို စာအုပ်တွေကို ခင်းကျင်းထားတာကြောင့် စာအုပ်ဆိုင်တွေထဲမှာ ဘယ်သူနဲ့မှမတူတဲ့ ဆန်းသစ်မှုကို ခံစားရပါတယ်။

6 - Shakespeare & Company (ပြင်သစ်)

play

 

ဆိုင်ရဲ့ အပြင်အဆင်ထက် ဒီဆိုင်ရဲ့ သမိုင်းကြောင့် ကမ္ဘာမှာ နာမည်ကြီးပါတယ်။ ဂျိမ်းစ်ဂျွိုက်၊ ဟဲမင်းဝေ၊ အီဇရာပေါင်တို့ ၁၉၂၀ ခုနှစ်လောက်က အမြဲလာတတ်တဲ့ ဆိုင်ရဲ့နာမည်အတိုင်း ၁၉၅၀ မှာပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ အလန်ဂျင်းစ်ဘာ့ဂ်ျနဲ့ ဝီလျံဘားရိုစ့်တို့လို ဘိမျိုးဆက်တွေ ဆုံခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။

Photos & Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD