play

အင်္ဂလန်က သက်တော်ရှည် အမြွှာညီအစ်မနှစ်ဦးက သူတို့ရဲ့ အသက်ရှည်နည်းလျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ နိုဝင်ဘာ ၂၀ ရက်နေ့မှာ အသက် ၁၀၀ ပြည့် မွေးနေ့ကို အတူဆင်နွှဲခဲ့ကြတာပါ။

အိုင်ရင်း ခရမ့် နဲ့ ဖဲလစ် ဂျုန်းတို့ကို ၁၀၁၉ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့က ၂၅ မိနစ်ခြားပြီး မွေးဖွားခဲ့ပါတယ်။ ကျောင်းအတူတက်၊ အလုပ်တစ်ခုတည်း အတူလုပ်ပြီး နေတော့လည်း ဝေါ်ချက်စတာရှိုင်းယားမှာပဲ ရာစုနှစ်တစ်ခုစာ အတူနေထိုင်ခဲ့ကြသူတွေပါ။ သူတို့နှစ်ဦးရဲ့ ပြောစကားအရတော့ အလုပ်ကြိုးစားပြီး ကောင်းမွန်တဲ့အစားအစာတွေစားတာက အသက်ရှည်ရခြင်းရဲ့ လျှို့ဝှက်ချက်ဖြစ်ပါသတဲ့။

play

 

သူတို့နှစ်ဦးတည်း အသက်ရှည်တာတော့မဟုတ်ပါဘူး။ သူတို့ရဲ့အစ်မ ဒေါ်ရသီကလည်း အသက် ၉၂ နှစ်အထိ ရှင်သန်နေထိုင်ခဲ့သူဖြစ်ပါတယ်။ အိုင်ရင်းရဲ့ခင်ပွန်းဆိုရင်လည်း အသက် ၉ဝ အထိ ကျန်းကျန်းမာမာရှိနေခဲ့ပြီး ၉၁ နှစ်မှ ဆုံးပါးသွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

Source : Carter News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video