AD
AD
AD
play

 

၁ - မဟုတ်တဲ့လူတွေနဲ့ အချိန်ကုန်နေတာကို အခုရပ်လိုက်ပါ။ သူတို့ တန်ဖိုးကို သင်ကသိပြီး သင့်တန်ဖိုးကိုလည်း သိတဲ့လူတွေနဲ့သာ အချိန်ကုန်ပါ။

၂ - ကိုယ့်ကိုယ်ကိုယ် လိမ်နေတာတွေကို အခုရပ်လိုက်ပါ။ အရှိကို အရှိတိုင်း ရင်ဆိုင်ပါ။

play

 

၃ - ကိုယ့်လိုအပ်ချက်ကို နောက်မှာ ထားနေတာတွေကို ရပ်လိုက်ပါ။ သင့်လိုအပ်ချက်တွေကို အရင်ဆုံးဖြည့်ဆည်းပြီးမှ အခြားလူတွေကို ကူညီပါ။

၎ - အမှားလုပ်မှာ ကြောက်နေတဲ့ စိတ်ကို ရပ်လိုက်ပါ။ ကြောက်တာကြောင့် ဘာမှမလုပ်တာထက် ရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်တာက သင့်ဘဝကို များစွာ တိုးတက်စေပါတယ်။

၅ - ပျော်ရွှင်မှုကို ပိုက်ဆံနဲ့ ဝယ်နေတယ်ဆို ဒီလိုကိစ္စတွေကို အခုရပ်လိုက်ပါ။ လိုချင်တာ အများစုဟာ ဈေးကြီးတယ်ဆိုပေမဲ့ ငွေကြေးမကုန်ကျတဲ့ ပျော်ရွှင်စရာတွေကို အလေးထားပါ။

play

 

၆ - လူတိုင်းကို လိုက်ပြိုင်နေတာမျိုးကို ရပ်လိုက်ပါ။ ကိုယ်ထက်သူတို့သာနေကြတယ်ဆိုလည်း မစိုးရိမ်ပါနဲ့။ ကိုယ့်အလုပ်ကိုသာ နေ့စဉ် မပျက်မကွက် အာရုံစိုက်ပြီး လုပ်သွားပါ။

၇ - ကိုယ့်ကိုယ်ကိုယ်သနားပြီး အမြဲညည်းညူနေတာမျိုးရှိရင် ရပ်လိုက်ပါ။ ဒီလို စိတ်ထားမျိုးဟာ ကိုယ့်အခြေအနေကို အမှန်အတိုင်းမမြင်စေပါဘူး။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD