‘လိင်အကြမ်းဖက်မှု ပပျောက်ရေး ကြီးလေးပြစ်ဒဏ် ချမှတ်ပေး’ လိင်အကြမ်းဖက်မှု ဆန့်ကျင့်ရေးဆန္ဒပြပွဲကို ကန်တော်ကြီးမျှော်စင်ကျွန်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲကို လူပေါင်းရာချီ တက်ရောက်ခဲ့ပြီး ကလေးငယ်တွေပေါ် ကျူးလွန်သူတွေကို ကြီးလေးတဲ့ပြစ်ဒဏ် ချမှတ်ဖို့ ဆန္ဒပြုခဲ့ကြပါတယ်။
အဆိုပါပွဲမှာ ပညာပေးဟောပြောခဲ့တဲ့ Legal Clinci Myanmar မှ ဒေါ်လှလှစိုးက ကလေးငယ်တွေပေါ် လိင်ပိုင်း ဆိုင်ရာကျူးလွန်သူတွေကို အမြင့်ဆုံး ပြစ်ဒဏ်ပေးစေလိုပေမဲ့ သေဒဏ်ပေးမယ်ဆိုရင် အချက်ငါးချက်ကို ဂရုစိုက်ရမှာ ဖြစ်တယ်လို့ တင်ပြခဲ့ပါတယ်။
(၁) တရားစီရင်ရေးတွင် မေးခွန်းထုတ်စရာများ ရှိနေပြီး အမှန်တကယ်ကျူးလွန်သူ မဟုတ်သူကို သေဒဏ်ပေးမိလျှင် မည်သို့ကုစားမည်နည်း
(၂) ကျူးလွန်သူအများစုမှာ သွေးသားရင်းချာများဖြစ်ကြ၍ သေဒဏ်ပေးမည်ဆိုလျှင် တိုင်ကြားပါတော့မည်လား
(၃) သက်သေ ထွက်ဆိုမည့်သူသည် တစ်ဖက်သား သေဒဏ်ကျမည်ဖြစ်၍ ထွက်ဆိုပါတော့မည်လား
(၄) စွပ်စွဲသူ မိသားစု၏ ဘေးအန္တရာယ်ကို ကာကွယ်ပေးနိုင်ပါမည်လား
(၅) လူ့အခွင့်အရေးလှုပ်ရှားသူအချို့က အသက်ရှင်နေထိုင်ခွင့်ရှိသည်ဟု ညွန်းဆိုထားချက်
Source: 7Day Daily
Photos:MI Radio News, 7Day Daily