play


အမေရိကန်နိုင်ငံ ချီကာဂိုမြို့ရှိ မြို့တွင်းပြေးဆွဲတဲ့ ဘတ်စ်ကားကို ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလအတွက် ခရစ္စမတ် အသွင်အပြင်များဖြင့် ပြင်ဆင်ထားမှု ဖြစ်ပါတယ်။ ထိုင်ခုံများ၊ လက်တန်းများ၊ ပြတင်းပေါက်မှန်များ စသဖြင့် ဘတ်စ်ကားတစ်စီးလုံးကို ခရစ္စမတ်အသွင်အပြင်များဖြင့် မြင်တွေ့ရမှာပါ။


ခရစ္စမတ်ဘတ်စ်ကားစီးသူတွေဟာ ဆန်တာကလော့စ်ဝတ်စုံ ဝတ်ထားတဲ့ ဘတ်စ်ကားဝန်ထမ်းနဲ့လည်း အမှတ်တရ ဓာတ်ပုံရိုက်နိုင်ပါတယ်။ ခရစ္စမတ်ဘတ်စ်ကားကို ချီကာဂို ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့အစည်းက ဝန်ဆောင်မှုပေးလိုက်တာ ဖြစ်ပါတယ်။
Source & Photo: Xinhua

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video