Lifestyle: ချမ်းသာကြွယ်ဝတဲ့ အမေရိကန်များ ၁၀ နှစ်အထိ အသက်ပိုရှည်

ချမ်းသာတဲ့ အမေရိကန်အမျိုးသားတွေက အသက် ၇၆ နှစ်အရွယ်ထိ နေထိုင်နိုင်ကြပါတယ်။

play


အမေရိကန် လေ့လာမှုစစ်တမ်း အသစ်တစ်ခုက ဖော်ပြမှုအရ ဆင်းရဲမွဲတေမှုဟာ အမေရိကန်အမျိုးသားတွေရဲ့ သက်တမ်းကို ၁၀ နှစ်နီးပါးနဲ့ အမျိုးသမီးတွေရဲ့ သက်တမ်းကို ၇ နှစ်နီးပါး လျော့နည်းစေကြောင်း သိရပါတယ်။ အမေရိကန်ပြည်နယ် ၅၀ ရှိ အချမ်းသာဆုံးနဲ့ အဆင်းရဲဆုံး နေရာတွေမှ ရရှိတဲ့ အသက်ရှည်မှု၊ ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်း၊ ကလေးဘဝ ဆင်းရဲမွဲတေမှုနဲ့ အခြား ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို လေ့လာမှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

  play


လေ့လာမှုအရ အဆင်းရဲဆုံးနေရာမှာ နေထိုင်ကြတဲ့ အမျိုးသားတွေဟာ ချမ်းသာတဲ့အမျိုးသားတွေထက် ပျမ်းမျှအားဖြင့် ၁၀ နှစ်နီးပါး အသက်တိုပြီး ၆၉ နှစ်အရွယ်မှာ သေဆုံးလေ့ရှိပါတယ်။ ချမ်းသာတဲ့အမျိုးသားတွေကတော့ အသက် ၇၆ နှစ်အရွယ်ထိ နေထိုင်နိုင်ကြကြောင်း သိရပါတယ်။ ဆင်းရဲတဲ့အမျိုးသမီးတွေဟာလည်း ချမ်းသာတဲ့အမျိုးသမီးတွေထက် အသက်ပိုတိုကြကြောင်း လေ့လာမှုက ဆိုပါတယ်။

  play


သုတေသီတွေ ပြုလုပ်ခဲ့တဲ့ လေ့လာမှုစစ်တမ်း တွေ့ရှိချက်ကို American Journal of Public Health မှာ ဖော်ပြထားပါတယ်။ အဆိုပါ လေ့လာမှုအရ ဝင်ငွေနည်းပြီး ဆင်းရဲတဲ့မိသားစုမှ မွေးဖွားလာတဲ့ ကလေးငယ်တစ်ဝက်နီးပါးဟာ ကောင်းမွန်စွာ ရှင်သန်နေထိုင်နိုင်ဖို့အတွက် လုံလောက်တဲ့ အထောက်အပံ့တွေ မရရှိဘူးလို့လည်း သိရပါတယ်။
Source & Photo: Reuters

ချမ်းသာရင် အသက်ရှည်မယ်လို့ ပြောနိုင်လား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ